မေမေ့ရဲ့သီချင်းတွေကို အကုန်လုံးကွက်တိရနေတဲ့ သမီးလေးကြောင့် အံ့သြတကြီးဖြစ်ခဲ့ရတဲ့ စန္ဒီမြင့်လွင်
သရုပ်ဆောင် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးကြောင့် သူမရဲ့နေ့ရက်တိုင်းမှာ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ပြည့်စုံနေတာပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးလေး ထရက်ရှာကလည်း စန္ဒီမြင့်လွင်နဲ့ တစ်ပုံစံတည်းတူပြီး စကားကိုလည်း ချက်ချက်ချာချာပြောတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားသူလေးဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကလည်း သမီးလေးကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတံ့လေးတွေကို မကြာခဏဆိုသလို ဝေမျှပေးနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလည်း စန္ဒီမြင့်လွင်က သူမရဲ့သွေးအပြည့်ပါတဲ့ သမီးလေးအကြောင်းကို ဗီဒီယိုလေးနဲ့တကွ ပရိသတ်တွေကို ပြသလာပါတယ်။ စန္ဒီမြင့်လွင်က “အမေလေး Rapper လုပ်မှာလား အစ်မကြီးရေ.. အွန်းတွေဘာတွေလည်းကွက်တိနော် မေမေ့အမွေဆက်ခံတော့မှာလား” ဆိုပြီး သူမရဲ့သီချင်းတွေကို ကွက်တိဆိုနိုင်တဲ့ သမီးလေးအကြောင်းကို ပြောပြလာပါတယ်။
စန္ဒီမြင့်လွင်ကတော့ မေမေ့ရဲ့ သီချင်းတွေကို အလွတ်ရနေတဲ့ သမီးလေးထရက်ရှာကြောင့် ကြီးလာရင်မေမေ့အမွေကိုဆက်ခံမှာလားလို့ မေးခွန်းထုတ်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ထရက်ရှာလေးရဲ့ဗီဒီယိုကိုကြည့်ပြီး အသည်းတွေယားနေကြမယ်ဆိုတာ သေချာပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thiha Leo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Thiha Leo’s fb