မေမေ့ရဲ့နာရေးမှာ ကိုယ်တိုင်သီချင်းဆိုပြီး နှစ်သိမ့်ဝတ်ပြုဆုတောင်းပေးခဲ့တဲ့ မာသထူးဝါး

ချစ်စရာကောင်းတဲ့ ကရင်မလေး မာသထူးဝါးကတော့ လူလေးလှသလို အသံလေးလည်းကောင်းတာမို့ တေးသီချင်းတွေနဲ့ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ မေလ (၂၉) ရက်နေ့မှာတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းပိုင်ရှင် မာသထူးဝါးရဲ့မိခင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မာသထူးဝါးတို့ဟာ ငယ်ငယ်ကတည်းက ဖခင်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အခုတစ်ခါမှာလည်း မိခင်ကလည်း ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေနဲ့တကွ မိတ်ဆွေတွေက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

မာသထူးဝါးတို့ဟာ မိခင်ရော ဖခင်ပါမရှိတော့တာမို့ မောင်နှမသုံးယောက်တည်းကျန်ခဲ့ပေမယ့် ဝိုင်းဝန်းဖေးမပေးကြတဲ့ မိတ်ဆွေတွေကြောင့် မိခင်ရဲ့ နာရေးဟာ ပြည့်စုံခဲ့ရတာပဲဖြစ်ပါတယ်။ မာသထူးဝါးကလည်း သူမရဲ့မိခင်ဈာပနမှာ ကိုယ်တိုင်သီချင်းဆိုပြီး နှစ်သိမ့်ဝတ်ပြုဆုတောင်းပေးခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

မာသထူးဝါးတို့ မိသားစုလေးကတော့ အဖေမရှိတဲ့အဖြစ်ကနေ အခုဆိုရင် အမေပါမရှိတော့တာဖြစ်ပြီး မောင်နှမသုံးယောက်တည်းသာကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။ မာသထူးဝါးတို့ မောင်နှမသုံးယောက်လည်း ရှေ့ဆက်ရမယ့်ဘဝမှာ ကံကောင်းခြင်းတွေနဲ့သာ ကြုံဆုံနိုင်ပါစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Martha Htoowah’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!