မေမေ့စိတ်ကြိုက် သိန်း(၃၀၀) တန်ဖိုးရှိ ခြံဝန်းအကျယ်ကြီးတစ်ခြံကို မှော်ဘီမြို့မှာ ဝယ်ယူပေးခဲ့တဲ့ နေဒွေး
သရုပ်ဆောင် နေဒွေး ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း အမြို့မြို့ အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို လူငယ်တစ်ယောက်လည်းဖြစ်တဲ့ နေဒွေးက သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးဆောင် လုပ်ကိုင်နေပြီး မိခင်ဖြစ်သူကို အနီးကပ်ပြုစုစောင့်ရှောက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာလည်း နေဒွေးက မေမေ့စိတ်ကြိုက် ခြံအကျယ်ကြီးတစ်ခုကိုဝယ်ယူဖြစ်ခဲ့တဲ့အကြောင်း အခုလိုပဲမျှဝေပေးလာပါတယ်။
နေဒွေးက “အလုပ်တွေစလုပ်ထဲက အလုပ်ကရတဲ့ငွေတပြားမကျန်မေမေ့အပ်ပြီးမုန့်ဖိုးပဲတောင်းသုံးတယ်😌 ခုလဲ ကံတွေကောင်းပြီးအလုပ်တခုစရံငွေရတာအကုန်အပ်ပြီးမေမေလိုချင်တဲ့ 0.42 ဧကခြံအကျယ်ကြီးဝယ်ပေးတယ်😍 ကျွန်တော့်ကိုချစ်လို့ဆိုပြီး ဈေးတွေလျှော့ပေးတဲ့ ခြံပိုင်ရှင်မိသားစုရော မေမေအတွက်မြေကွက်တွေဝယ်တိုင်းအအမြဲအားကိုးရတဲ့ အန်တီမီရော ကျေးဇူးအထူးပါခင်ဗျ❤️ နွေးထွေးစွာကြိုဆိုကြတဲ့ မှော်ဘီ သရက်ညိုပင်ကျေးရွာက ရိုးသားချစ်ဖို့ကောင်းတဲ့ အမျိုးများအားလုံးကိုလည်းကျေးဇူးအထူးပါခင်ဗျ😍🥰” ဆိုပြီး မေမေ့ကိုလက်ဆောင်ဝယ်ပေးလိုက်တဲ့ ခြံလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။
နေဒွေးကတော့ အမေချစ်သားတစ်ယောက်ပီပီ အမေ့မှာပိုလျှံတဲ့အထိ ဖြည့်ဆည်းပေးတတ်သလို အမေစိတ်ချမ်းသာအောင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဒွေးတို့သားအမိကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nay Dway ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Nay Dway ‘s fb