မေမေအလုပ်နားတုန်းလေး သမီးလေးအိုင်ဗီကို သြစတေးလျနိုင်ငံက ပျော်စရာနေရာတွေကို ပို့ဆောင်ပေးခဲ့တဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ဗီဒီယိုဇာတ်ကားတွေလည်းရိုက်ကူးခဲ့တာကြောင့် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ အေသင်ချိုဆွေဟာ Ivy လေး မွေးစဉ်ကတည်းက Single Mother အဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူမဘဝရဲ့အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ခဏတာထိန်းသိမ်းခံရဖူးတဲ့ အေသင်ချိုဆွေဟာ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုပါရပ်နားပြီး သြစတေးလျနိုင်ငံမှာ နေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။

လက်ရှိမှာ သြစတေးလျနိုင်ငံထဲက Cairns မြို့မှာနေထိုင်ရင်း တစ်ဖက်မှာလည်း မိသားစုစားဝတ်နေရေးအတွက် အလုပ်တွေလည်းလုပ်ကိုင်နေရတဲ့ အေသင်ချိုဆွေဟာ တစ်ဖက်မှာလည်း သမီးလေးကို အချိန်ပေးဂရုစိုက်ဖို့ မမေ့လျော့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အေသင်ချိုဆွေက သူမအလုပ်နားတုန်းလေး သမီးလေးကို ပျော်စရာနေရာတွေလိုက်ပို့ပေးပြီး အချိန်ပေးခဲ့သလို အိုင်ဗီလေးကလည်း မေမေနဲ့အတူတူလျှောက်လည်နေရလို့ ပျော်ရွှင်နေတာကို အခုလိုပဲတွေ့ရပါတယ်။

အေသင်ချိုဆွေနဲ့ အိုင်ဗီလေးကတော့ သားအမိနှစ်ယောက်တည်းရှိတဲ့ဘဝမို့ အခုလည်း သားအမိနှစ်ယောက်တည်း ပျော်စရာကောင်းတဲ့ အချိန်တွေအတူတူကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိုင်ဗီလေးရဲ့ဗီဒီယိုလေးကိုကြည့်ပြီး အလွမ်းပြေသွားကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Athen Cho Swe’s fb

error: Alert: Content is protected !!