မေမေကြည့်တဲ့ ကိုရီးယားကားတွေထဲက ဇာတ်ဝင်သီချင်းတွေကို အလွတ်ရနေတဲ့ သမီးလေးစကားလတ်အကြောင်းကို ပြသလာတဲ့ မြတ်ရတနာကျော်
သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို မော်ဒယ်လ်တစ်ယောက်လည်းဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ လွှမ်းပိုင်ရဲ့ သီချင်း MV တစ်ပုဒ်ကနေ နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်နေဆဲအချိန်မှာပဲ အဆိုတော် Ah Boy နဲ့ အိမ်ထောင်ကျခဲ့တဲ့ မြတ်ရတနာကျော်ဟာ အခုဆိုရင် သမီးလေး စကားလတ်ဖြိုးထွန်းနဲ့ သားငယ် ဂျေဒန်ဖြိုးထွန်းတို့ကို ရရှိပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ကလေးမေမေဖြစ်သွားလို့ အရင်လို အနုပညာအလုပ်တွေမလုပ်ကိုင်နိုင်တော့တဲ့ မြတ်ရတနာကျော်ဟာ သူမတို့မိသားစုနဲ့ ပတ်သက်တဲ့ Vlog လေးတွေမှာတော့ ပါဝင်ပေးနေဖြစ်တာပဲဖြစ်ပါတယ်။
သားတွေသမီးတွေကြောင့် တစ်နေ့တစ်ခြားမရိုးရတဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို ခံစားနေရတဲ့ မြတ်ရတနာကျော်ဟာ ဒီတစ်ခါမှာလည်း သမီးလေး စကားလတ်ဖြိုးထွန်းရဲ့ ချစ်စရာကောင်းတဲ့ အကြောင်းအရာလေးကို မျှဝေပေးလာပါတယ်။ အဲ့ဒါကတော့ မေမေကြည့်တဲ့ ကိုရီးယားကားတွေထဲက ဇာတ်ဝင်သီချင်းတွေကို အလွတ်ရနေတဲ့ သမီးလေးစကားလတ်အကြောင်း ဗီဒီယိုလေးရိုက်ပြီး “မာမီကြည့်တဲ့ kdramaတွေရဲ့ သီချင်းတွေလိုက်ဆို 😂 U r my starlight…..u r my sunshine🎶😁” ဆိုပြီး ထိုဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာတာဖြစ်ပါတယ်။
မြတ်ရတနာကျော်ကတော့ အမေကြည့်တဲ့ ကိုရီးယားကားထဲက သီချင်းတွေကို အလွတ်ရပြီး လိုက်ဆိုနေတဲ့ သမီးလေးရဲ့ ချစ်စရာအမူအယာလေးကို ပြသလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စကားလတ်လေးရဲ့ ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Myat Yadanar Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်