မေတ္တာတွေအပြည့်နဲ့ မွေးနေ့လက်ဆောင်တွေပို့ပေးကြတဲ့ ချစ်ရသူများကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ မေမြင့်မိုရ်
MRTV 4 မင်းသမီးလေးအဖြစ် ပရိသတ်တွေ အားပေးခဲ့ ကြတဲ့ မေမြင့်မိုရ်က အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီ ဖြစ်ပါတယ်။ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေပြီး ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးပေးနေလျက်ရှိပါတယ်။ ဒါ့အပြင် မေမြင့်မိုရ်က သူမရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်နေပြီဖြစ်ပြီး ညောင်ဦးမြို့မှာလည်း “ပုဂံမေ” ဟိုတယ်ကို ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။
မနေ့က မေလ (၁၁) ရက်နေ့ကတော့ မေမြင့်မိုရ်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မေမြင့်မိုရ်က သူမရဲ့ မွေးနေ့တိုင်းမှာ ပရိသတ်တွေနဲ့ ချစ်ခင်ရသူတွေဆီက လက်ဆောင်လေးတွေရလေ့ရှိသလို ဒီနှစ်မှာလည်း လက်ဆောင်တွေအများကြီးလက်ခံရရှိခဲ့တာကြောင့် “မွေးနေ့ဆုတောင်းပေးကြတဲ့ ချစ်ရသူများနဲ့ တကူးတကမွေးနေ့လက်ဆောင်ပို့ပေးကြသူများအားလုံးကို ချစ်ခြင်းများစွာနဲ့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်” ဆိုပြီး ကျေးဇူးတင်စကားပြောလာခဲ့တာပဲဖြစ်ပါတယ်။
မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို အများအပြားရရှိထားသူပီပီ မွေးနေ့လေးမှာလည်း လက်ဆောင်တွေအများကြီးရရှိခဲ့တာ ပရိသတ်ကြီးတွေ့နိုင်ပါတယ်နော်။ ချစ်စရာကောင်းတဲ့ မေမြင့်မိုရ်တစ်ယောက် ဒီထက်မက ပရိသတ်တွေရဲ့ အားပေးမှုကို ဆထက်တမ်းပိုးရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: May Myint Mo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Yolo
Source: May Myint Mo’s fb
error: Alert: Content is protected !!