မုန့်ဟင်းခါး အားရပါးရစားသွားပြီး အိမ်ထိပါဆယ်တွေအများကြီးဆွဲသွားခဲ့တဲ့ ချစ်သူငယ်ချင်း အိအိတုန်အကြောင်းပြောလာတဲ့ ရဲလေးမ

သရုပ်ဆောင် ရဲလေးမနဲ့ အိအိတုန်တို့ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ တွဲဖက်ညီစွာသရုပ်ဆောင်ကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေပဲဖြစ်ကြပါတယ်။ ရဲလေးမနဲ့ အိအိတုန်တို့ဟာ ဇာတ်ကားတွေမှာ သူငယ်ချင်းတွေအဖြစ်အများဆုံးသရုပ်ဆောင်ရသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။ လက်ရှိဇာတ်ကားရိုက်ကူးခြင်းတွေနည်းပါးနေချိန်မှာတော့ ရဲလေးမက မုန့်ဟင်းခါးဆိုင်လေးဖွင့်လှစ်ထားသလို အိအိတုန်ကလည်း အွန်လိုင်းရှော့ပင်းရောင်းချရင်းနဲ့ ဘဝကိုရပ်တည်နေလျက်ရှိကြတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရဲလေးမက သူ့ရဲ့မုန့်ဟင်းခါးဆိုင်လေးကို လာရောက်အားပေးတဲ့ အိအိတုန်အကြောင်းကိုပြောလာပါတယ်။ ရဲလေးမက “ချစ်ညီမလေးအိတုန်လာအားပေးသွားတယ်လေ။ အားရပါးရလည်းစားသွားတယ်။ ပါဆယ်လည်းအများကြီးဆွဲသွားတယ်။ ကျေနပ်တယ်လေ😃😃😃😄😃😃😃😃” ဆိုပြီး သူ့ရဲ့အပျော်တွေကို ဝေမျှလာပါတယ်။

အိအိတုန်ကတော့ ရဲလေးမ မုန့်ဟင်းခါးကို အွန်လိုင်းပေါ်မှာရောင်းချစဉ်ကတည်းက အားပေးခဲ့တာဖြစ်ပြီး အခုလို ဆိုင်ခန်းလေးနဲ့ အတည်တကျဖွင့်လှစ်တဲ့အခါမှာလည်း ကိုယ်တိုင်ကိုယ်ကျ အားရပါးရစားပြီး အားပေးခဲ့တာပဲဖြစ်ပါတယ်။ ရဲလေးမနဲ့ အိအိတုန်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကတော့ တကယ့်ကို ချစ်စရာကောင်းတာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ye Lay Ma’s fb

error: Alert: Content is protected !!