မိုးရာသီနဲ့အလိုက်ဖက်ဆုံး သီချင်းလေးတစ်ပုဒ်ကို ကိုယ်တိုင်ဂစ်တာလေးတီးပြီး ဆိုပြလာခဲ့တဲ့ အေးမြဖြူရဲ့ ဗီဒီယို
အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ အေးမြဖြူကတော့ ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါသူဖြစ်ပြီး ကျောင်းပညာရေးတစ်ဖက်နဲ့ သူမဝါသနာပါတဲ့လမ်းကိုလျှောက်လှမ်းဖို့ ကြိုးစားခဲ့သူပါ။ Myanmar Idol သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက် ပရိသတ်ပိုသိလာခဲ့တဲ့ အေးမြဖြူဟာ သူမရဲ့ကိုယ်ပိုင်သီချင်းသစ်တွေကို ထုတ်လုပ်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
အနုပညာအလုပ်ကိုဝါသနာပါလွန်းသူပီပီ ရိုက်ကူးရေးတွေမရှိချိန်မှာတောင် ဂစ်တာလေးတီးပြီး သီချင်းလေးဆိုနေတတ်တဲ့ အေးမြဖြူဟာ ဒီတစ်ခါမှာလည်း သူမရဲ့ ဖေ့စ်ဘုတ်ပေ့ချ်လေးကနေ ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာပါတယ်။ အေးမြဖြူက နာမည်ကြီး “ဝါဆို” သီချင်းလေးကို ကိုယ်တိုင်ဂစ်တာလေးတီးပြီး ဆိုပြလာခဲ့တာကို အခုလိုမျိုးပဲတွေ့ရပါတယ်။
အေးမြဖြူကတော့ သူမကြိုက်နှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ကို ကိုယ်တိုင်ဂစ်တာလေးတီးပြီးဆိုပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြဖြူသီဆိုတဲ့ “ဝါဆို”သီချင်းလေးကိုနားဆင်ပြီး ကျေနပ်ကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aye Mya Phyu ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Aye Mya Phyu ‘s fb
error: Alert: Content is protected !!