မိသားစုပိုင်စားသောက်ဆိုင် မီးလောင်ပျက်စီးသွားတဲ့အပြင် ဆိုင်အကူမိန်းကလေးနှစ်ယောက်ပါအသက်ဆုံးရှုံးသွားတဲ့ သတင်းဆိုးကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ တစ်ချိန်က မော်ဒယ်လ်တစ်ယောက်အဖြစ် လူသိများအောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဥက္ကာမင်းမောင်ဟာ နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပြီး အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဥက္ကာမင်းမောင်က သူတို့မိသားစုပိုင်စားသောက်ဆိုင် မီးလောင်ပျက်စီးဆုံးရှုံးသွားတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“သြော်..ကံတရားရယ်.. ရက်စက်လိုက်တာ.. ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကျွန်တော်တို့ မိသားစုပိုင် Mercury စားသောက်ဆိုင်နဲ့ Karaoke မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ပစ္စည်းဆုံးရှုံးတာထက် ပိုဆိုးတာက မိန်းခလေး ၂ ယောက် မီးထဲ မှာ အသက်ဆုံးရှုံးသွားတဲ့အတွက် ပိုပြီး စိတ်ထိခိုက်ရပါတယ်။ ကျန်ခဲ့တဲ့ သူတို့မိသားစုဝင်တွေ ဘယ်လောက်ထိ ဝမ်းနည်းပူဆွေးနေရမလဲ ကိုယ်ချင်းစာပါတယ်။ ဆုတောင်းပေးပါတယ် ဒီဘဝ ဒီဝဋ်ကြွေးတွေရှိရင်ကျေပါစေတော့… ညီမငယ်လေးတွေ ကောင်းရာသုဂတိလားပါစေ။”

“ကင်ဆာရောဂါကို ကုနေတဲ့အမေလဲ သူ့ဘဝမှာ အကြိမ်ကြိမ်အခါခါလဲကျလိုက် ပြန်တည်ဆောက်လိုက်နဲ့ ဒီဆိုင်လေးကို အခက်အခဲပေါင်းများစွာနဲ့ ပြန်လည် တည်ဆောက်ထားတာမကြာသေးဘူး အခုတော့လဲ နေ့ချင်းညချင်း ပျက်စီးသွားခဲ့ပြီ။ မီးသတ်များရော အခုအချိန်မှာ ဒီကိစ္စအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ သူများအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ အရာရာအားလုံးအတွက် စိတ်ထဲ တော်တော် မကောင်းဘူး။” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ကတော့ သူတို့မိသားစုလေး ခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ စားသောက်ဆိုင်နဲ့ KTV မီးလောင်သွားတဲ့အပြင် ဆိုင်အကူမိန်းကလေးနှစ်ယောက်လည်း မီးထဲပါပြီးအသက်ဆုံးရှုံးသွားခဲ့တဲ့အတွက် တော်တော်ကြီးစိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Okkar Min Maung ‘s fb

error: Alert: Content is protected !!