မိသားစုနဲ့အတူ အမရပူရမြို့က သံဃာတော်အပါင်း (၁၃၀၀) ကျော်ကို လှူဒါန်းဖွယ်ရာများနဲ့ လှူဒါန်းကုသိုလ်ယူခဲ့တဲ့ နန်းဆုရတီစိုး

အဆိုတော်တစ်ယောက်လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ နန်းဆုရတီစိုးကတော့ ဆယ်စုနှစ်တစ်ခုကျော်တိုင် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ နန်းဆုရတီစိုးဟာ အခုဆိုရင် အသက်သုံးဆယ်ကျော် လူလတ်ပိုင်းအရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်းအပျိုကြီးဘဝမှာ ပျော်မွေ့နေဆဲပဲ ဖြစ်ပါတယ်။ အိမ်ထောင်မရှိသေးတဲ့ နန်းဆုရတီစိုးကတော့ သူမရဲ့မိသားစုမှာ အချစ်ခံရပြီး ဂရုစိုက်အလိုလိုက်ခံရသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။

အနုပညာအလုပ်တွေတောက်လျှောက်လုပ်ကိုင်ရသလို အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ကိုင်ရလေ့ရှိတဲ့ နန်းဆုရတီစိုးက ဒီကနေ့မှာလည်း သူမရဲ့မိသားစုတွေနဲ့အတူ ပြုဖြစ်ခဲ့တဲ့ ကုသိုလ်လေးကို ဝေမျှလာပါတယ်။ နန်းဆုရတီစိုးက “မိသားစုအလှူလေးပါ🙏အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာတော်၁၃၀၀ပျော်တို့အား လှူဒန်းဖွယ်ရာများနဲ့ လှုဒါန်းပူဇော်ခဲ့ပါတယ် 🙏” ဆိုပြီး သူမရဲ့ အလှူပုံရိပ်တွေကို မျှဝေပေးလာတာ အခုလိုပဲ တွေ့ရပါတယ်။

နန်းဆုရတီစိုးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိသလို ဆင်းရဲချို့တဲ့သူတွေကိုလည်း ဝေမျှပေးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုရတီစိုးရဲ့ အလှူပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်သွားမယ် ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nansu Yati Soe ‘s fb

error: Alert: Content is protected !!