မိသားစုတွေနဲ့ မေမေ့သူငယ်ချင်းတွေအားလုံးဆုံနေပေမယ့် မေမေမပါတော့တဲ့ မွေးနေ့အကြိုပွဲလေးကျင်းပခဲ့တဲ့ ဆုမြတ်နိုးဦး
နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုမြတ်နိုးဦးကတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်ကို ရွေးချယ်ပြီးခဲ့တဲ့နောက် ပရိသတ်တွေအတွက် ခံစားမှုရသပေါင်းစုံပေးစွမ်းနိုင်ဖို့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက ပြီးခဲ့တဲ့နှစ်မှာ သူမဘဝရဲ့ ဒေါက်တိုင်အဖြစ်ရှိပေးခဲ့တဲ့ မိခင်ကြီးကို ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ မိခင်ဆုံးရှုံးပြီးနောက် ဘဝမှာ လိုအပ်ချက်တစ်ခုရှိတယ်လို့ အမြဲခံစားနေရတဲ့ ဆုမြတ်နိုးဦးဟာ မနေ့က သူမရဲ့မွေးနေ့အကြိုပွဲလေးကို ကျင်းပရင်း မိခင်ဖြစ်သူကို သတိရတဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။
“မေမေ့ကိုရှိနေစေချင်ခဲ့တဲ့မွေးနေ့အကြိုလေး 😢 မေမေသာရှိရင်သိပ်ပျော်နေမှာလို့ပြောဖြစ်ကြတဲ့နေ့လေး 🥲 မိသားစုတွေ နဲ့ မေမေ့သူငယ်ချင်းတွေဆုံနေပေမဲ့မေမေ မပါတော့တဲ့မွေးနေ့အကြိုလေးတစ်ခုရဲ့အမှတ်တရပါ။ သမီးအမြဲတမ်းပြုံးရယ်နေပါတယ်မေမေရေ 🥲🥲🥲” ဆိုပြီး မိသားစုတွေနဲ့ မေမေ့သူငယ်ချင်းတွေအားလုံးဆုံနေချိန်မှာ မေမေ့ကို သတိရမိတဲ့အကြောင်း ပြောလာတာပဲဖြစ်ပါတယ်။
ဆုမြတ်နိုးဦးကတော့ ကွယ်လွန်လေပြီးတဲ့မိခင်အတွက် ရည်စူးကုသိုလ်တွေ မကြာခဏပြုလုပ်ပေးတတ်သလို သူမဘဝရဲ့ အရေးပါတဲ့နေ့ရက်တွေမှာလည်း မိခင်ကို သတိရနေဆဲပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုမြတ်နိုးဦးတစ်ယောက် မွေးနေ့မှာ ပျော်ရွှင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Hsu Myat Noe Oo ‘s fb