မိဘမဲ့ကလေးတွေကို ရှင်ပြုပေးခဲ့တဲ့ကုသိုလ်ကြောင့် ဘဝမှာ ဘုရားဒါယိကာမ ရဟန်းဒါယိကာမဖြစ်ခဲ့ဖူးလို့ ေ-သ ပျော်ပါပြီဆိုတဲ့ ရတနာမိုင်

အဆိုတော်မလေး ရတနာမိုင်ကတော့ ချစ်စရာကောင်းပြီး မြူးကြွတဲ့သီချင်းတွေကို အဆိုများတဲ့ ပရိသတ်ကြိုက်အဆိုတော်တစ်ယောက်ပါပဲ။ စိတ်ထားကောင်းသလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလုပ်ကိုင်တတ်တဲ့ ရတနာမိုင်က ဒီကနေ့မှာတော့ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က သူမတို့မိသားစုအတူပြုလုပ်ခဲ့ကြတဲ့ ရှင်ပြုအလှူလေးနဲ့ပတ်သက်ပြီး အမှတ်တရပြောလာပါတယ်။

ရတနာမိုင်က “ဖေကြီးကိုလွမ်းတယ် အဲ့အချိန်တုန်းက ရွှေပြည်သာဓမ္မဂုဏ်ရည် ကျောင်း မှာ မိဘမဲ့ကလေးများကို ရှင်သာမဏေ အဖြစ် ရှင်ပြုအလှူတော်မင်္ဂလာ 🙏🏻🙏🏻🙏🏻ဘဝမှာဘုရားဒါယကာမ ရဟန်းဒါယိကာမ ဖြစ်ခဲ့ဖူးပြီ ေ-သ ပျော်ပြီ 😊 ဖေကြီးရဲ့ကောင်းမှုကုသိုလ်တွေနဲ့အတူ မြင့်မြတ်သောဘုံဘဝမှာခံစားစံစားနိုင်ပါစေ ဖေကြီးနဲ့တကွ အမျှ အမျှ အမျှ🙏” ဆိုပြီးပြောလာပါတယ်။

ရတနာမိုင်ဟာ သူမရဲ့ဖခင် သက်ရှိထင်ရှားရှိစဉ်ကတည်းက မိသားစုအလှူတွေအများကြီးပြုလုပ်ခဲ့ပြီး သူမရဲ့ဖခင် ကွယ်လွန်သွားတဲ့အခါမှာလည်း လစဉ်လတိုင်းလိုလို ကုသိုလ်တွေပြုပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ရတနာမိုင်ရဲ့ ဖေဖေလည်း အခုဆိုရင် ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိနေမယ်ဆိုတာ အသေအချာပါပဲ။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yadanar My’s fb

error: Alert: Content is protected !!