မိဘနှစ်ပါးသက်ရှိထင်ရှားရှိနေတုန်း ခြေရာလေးယူပြီး အိမ်ဦးခန်းကဘုရားခန်းမှာ အမြတ်တနိုးချိတ်ဆွဲကိုးကွယ်ထားတဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ကတော့ မဂ္ဂဇင်းဓာတ်ပုံတွေရိုက်ကူးရင်း အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ကာ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါ။ ဘေဘီမောင်က အခုဆိုရင် အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး မကြာခင်မှာလည်းသမီးလေးကိုမွေးဖွားကာ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်တော့မှာပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်းမိဘတစ်ယောက်ဖြစ်တော့မှာဖြစ်တဲ့ ဘေဘီမောင်က သူမရဲ့ မိဘတွေကိုလည်း တန်ဖိုးထားသူတစ်ယောက်ဖြစ်ကြောင်း ပြသလာပါတယ်။

ဘေဘီမောင်က “ဘေဘီတို့အိမ်ရဲ့ဘုရားခန်းလေးထဲမှာဖေဖေမေမေတို့ရဲ့ခြေရာလေးကိုယူထားပြီး ဘုရားရှိခိုးပြီးတိုင်းကျေးဇူးကြီးလှအမိနှင့်အဖခြေတော်ရာလေးကို အမြဲဦးခိုက်ရှိခိုးခွင့်ရတဲ့အတွက်အရမ်းပီတိဖြစ်ရပါတယ်🙏🏻 မိဘနှစ်ပါးသက်ရှိထင်ရှားရှိနေချိန်မှာ အဖိုးတန်ကျောက်ထွင်းထားတဲ့မိဘခြေရာလေးကိုချစ်သောလေးတို့ကိုယူထားစေချင်ပါတယ်🙏🏻မိဘကိုတန်ဖိုးထားတဲ့သားသမီးတိုင်းဟာဘယ်တော့မှဒုက္ခမရောက်ပါဘူး ဘဝမှာအထွဠ်ထိပ်ရောက်ရှိကြတာအမှန်ပါပဲရှင့်🙏🏻မိဘကိုသက်ရှိထင်ရှားရှိနေစဉ်ချိန်မှာ အလုပ်ကျွေးပြုပါ🙏🏻ကံနိမ့်နေရင်တောင် မိဘတွေရဲ့ကံနဲ့ကိုယ်ပါအဆင်ပြေပါတယ်🙏🏻ဘေဘီဘဝမှာလက်တွေ့ပါ🙏🏻” ဆိုပြီး ပြောပြလာပါတယ်။

ဘေဘီမောင်ကတော့ မိဘနှစ်ပါးသက်ရှိထင်ရှားရှိနေတုန်း ခြေရာလေးယူပြီး အိမ်ဦးခန်းကဘုရားခန်းမှာ အမြတ်တနိုးချိတ်ဆွဲကိုးကွယ်ထားတယ်လို့ ပြောပြလာတာပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ တကယ့်ကိုချစ်စရာကောင်းတဲ့ သမီးအလိမ္မာလေးတစ်ယောက်ပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thandar Zaw’s fb

error: Alert: Content is protected !!