မိဘနှစ်ပါးနဲ့အတူတူ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဆွမ်းဟင်းတွေနဲ့ ဝါဆိုသင်္ကန်းကပ်ကုသိုလ်ယူခဲ့တဲ့ ပပဝင်းခင်

ကြည်လင်အေးမြတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပပဝင်းခင်ကတော့ တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်တဲ့ ပပဝင်းခင်ဟာ သရုပ်ဆောင်တစ်ယောက်မဟုတ်တော့ပေမယ့် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေဆဲပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အိမ်ထောင်မပြုသေးတဲ့ ပပဝင်းခင်ဟာ သူမရဲ့မိဘတွေကိုသာ ပြုစုရင်း တစ်ကိုယ်တည်းအပျိုကြီးအဖြစ် နေထိုင်နေဆဲပဲဖြစ်ပါတယ်။

တစ်ကိုယ်တည်းသမားပီပီ ဘာသာရေးနဲ့ ကုသိုလ်ရေးကို အချိန်ပေးလုပ်ကိုင်ဖြစ်နေတဲ့ ပပဝင်းခင်ဟာ ဒီကနေ့မှာလည်း သူမရဲ့ ကုသိုလ်လေးတစ်ခုကို ပရိသတ်တွေဆီမျှဝေလာပါတယ်။ ပပဝင်းခင်က “ဖေရယ် မေရယ် ပပရယ် ဝါဆိုသက်န်း ကုသိုလ်ယူ ဆွမ်းဟင်းများ ကိုယ်တိုင်ချက် ကုသိုလ်တွေအထပ်ထပ် မိဘနှစ်ပါး ရောဂါကင်းလို့ ကုသိုလ်များဆက်ကာပြု ချစ်သမီးလေး ပီတိစု ချစ်ရသူများ ထပ်တူယူ ပပ , ပေးဝေသူ 🥰🥰🥰 ” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်။

ပပဝင်းခင်ကတော့ မိဘနှစ်ပါးနဲ့အတူတူ ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဆွမ်းဟင်းတွေနဲ့ ဝါဆိုသင်္ကန်းကပ်ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ ပပဝင်းခင်ကတော့ ဘယ်အချိန် ဘယ်အရွယ်ပဲဖြစ်ဖြစ် ပရိသတ်တွေကို အေးချမ်းစေသူလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Pa Pa Win Khin’s fb

error: Alert: Content is protected !!