မိန်းကလေးတွေမြင်ရင် အသည်းယားဖွယ်ရာရှိတဲ့ တက်တူးတစ်ခုကို ပေါင်ခြံမှာထိုးထားခဲ့တဲ့ ကောင်းမြတ်စံ

ကိုရီးယားမင်းသားတစ်ယောက်လို အသားအရည်ဖြူဖြူဖွေးဖွေးနဲ့ အရမ်းချောတဲ့ မင်းသားချော ကောင်းမြတ်စံကတော့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်ရည်ချောမောသလို သရုပ်ဆောင်လည်းကောင်းမွန်တဲ့ ကောင်းမြတ်စံဟာ ဇာတ်လမ်းတွဲတွေများစွာမှာလည်း ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်လို့ဆိုလည်း မမှားပါဘူး။

လူငယ်တစ်ယောက်ပီပီ တက်တူးထိုးခြင်းကို ဝါသနာပါတဲ့ ကောင်းမြတ်စံဟာ ဒီကနေ့မှာတော့ သူထိုးထားတဲ့ တက်တူးပုံအသစ်ကို ပြသလာပါတယ်။ ကောင်းမြတ်စံက “သတ္တဝါတွေထဲမှာဆို မြွေကို အရမ်းကြောက်တာ… အကြောက်ရဆုံးအကောင်ကို ရင်းနှီးသွားအောင် ပေါင်မှာ ပတ်ပစ်လိုက်တယ်ဗျာ.…. (ဆေးဖြည့်ရန်ကျန်သေး)” ဆိုပြီး ပေါင်ခြံပတ်ပတ်လည်မှာထိုးထားတဲ့ သူ့ရဲ့ မြွေပုံတက်တူးသစ်ကို ပြသလာပါတယ်။

ကောင်းမြတ်စံကတော့ မိန်းကလေးတွေမြင်ရင် အသည်းယားဖွယ်ရာရှိတဲ့ မြွေပုံ တက်တူးတစ်ခုကို ပေါင်ခြံမှာထိုးထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကောင်းမြတ်စံရဲ့ မပြီးသေးတဲ့တက်တူးပုံကိုကြည့်ပြီး အသည်းတယားယားဖြစ်နေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kaung Myat San’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!