သရုပ်ဆောင် မြတ်သူသူကတော့ နာမည်ကြီးလူသိများသူတစ်ယောက်ပီပီ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေသာမကပဲ သူမရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကပါ ပရိသတ်တွေကို စိတ်ဝင်စားစေတာပဲဖြစ်ပါတယ်။ မြတ်သူသူဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို အပွင့်လင်းဆုံးချပြခဲ့သလို လက်ရှိချစ်သူဟာလည်း အနုပညာအသိုင်းအဝိုင်းထဲကမဟုတ်တာတောင် လူသိရှင်ကြားအသိပေးခဲ့တာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မြတ်သူသူဟာ မိန်းကလေးတန်မဲ့ သူမနဲ့ သူမချစ်သူကို တစ်ယောက်တစ်မျိုးစီ ပလီပလာတွေပြောတဲ့ မိန်းကလေးအကြောင်းကို “ရည်းစားနဲ့ ပြတ်ဖူးတဲ့ မိန်းကလေးတွေက ထပ်မချစ်ရတော့ဘူးလား အချစ်ခံရဖို့ မထိုက်တန်တော့လို့လား 😊 မှတ်မှတ်ရရမန့်လေးမို့ တင်ပါရစေနော် ညီမလေး ဒါနဲ့ အကို့ Cb မှာ နှစ်ယောက်ကိုလိုက်ဖက်တယ်ပြောပေးတာတော့ တကယ်ကျေးဇူးတင်ပါတယ်နော် 😊” ဆိုပြီး ထိုမိန်းကလေးပြောတဲ့ Screenshot တွေကို ချပြလာခဲ့ပါတယ်။
မြတ်သူသူကတော့ သူမရဲ့လက်ရှိချစ်သူဟာ သူမအပေါ် နားလည်မှုအပြည့်ပေးပြီး သူမအပေါ်ကိုလည်း အနွံတာခံချစ်ပေးတာကြောင့် ချစ်သူနဲ့ ပတ်သက်သမျှကို တန်ဖိုးထားသူတစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Myat Thu Thu ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
မိန်းကလေးတန်မဲ့ သူမအပေါ်ကိုတစ်မျိုး သူမရဲ့ချစ်သူအပေါ်ကိုတစ်မျိုး ပလီပလာလုပ်သူအကြောင်း ချပြလာတဲ့ မြတ်သူသူ
Source: Myat Thu Thu ‘s fb