မိခင်ရဲ့နောက်ဆုံးအချိန်လေးမှာ မိသားစုဝင်တွေနဲ့နှုတ်ဆက်ခဲ့တဲ့ နောက်ဆုံးပုံရိပ်ကအချို့ကိုပြသလာတဲ့ မာသထူးဝါး

ကရင်လူမျိုးအဆိုတော်မလေး မာသထူးဝါးကတော့ လူလေးချစ်စရာကောင်းတဲ့အပြင် အသံလေးပါကောင်းတဲ့ ပါရမီရှင်လေးတစ်ယောက်ပါပဲ။ လူချစ်လူခင်ပေါများပေမယ့် မိသားစုကံမကောင်းတဲ့ မာသထူးဝါးဟာ သူမရဲ့ဖခင်ကို ငယ်ရွယ်စဉ်အချိန်ကတည်းက ဆုံးရှုံးခဲ့သလို အခုတစ်ခါမှာလည်း သူမရဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မာသထူးဝါးက ဧပြီ (၂၉) ရက်နေ့က ကွယ်လွန်သွားတဲ့မိခင်ရဲ့ နာရေးကို ဇွန်လ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ပြုလုပ်သွားမယ့်အကြောင်းကို အခုလိုပဲအသိပေးလာပါတယ်။

မာသထူးဝါးက “မမိုင် (အသက် ၄၁ နှစ်) ဈာပနအစီအစဉ် ( ဇွန်လ ၃ မှ ၅) နာရေးသတင်း (တောင်ကိုးရီးယား) ကျွန်မတို့၏ချစ်လှစွာသောမိတ်ဆွေ မမိုင် ခေါ် Naw Nee Thaw Taw/ SASIKAN၊ တေးဆို နော်မာသထူးဝါး၏ မိခင်သည် 2022 May 29th နေ့ နံနက် ၆:၄၉ တွင် တောင်ကိုးရီးယားနိုင်ငံ Catholic University S.Mary Hospital (Bucheon) တွင် အသည်းကင်ဆာရောဂါဖြင့် ခရစ်တော်၌အိပ်ပျော်သွားပါသည်။ မမိုင်၏မိသားစုဝင်များ။ ။ ဖခင် Saw Htoo Paung၊ မိခင် Naw Mu Mu Paung၊ ညီမ Paung Su/ MONTHATHIP (Mod)၊ ညီမ Khee La Paung/ MONTAKARN (Mon)၊ မောင်ငယ် KYAW KLANE TUN သူမ၏ခင်ပွန်း ကရင်အဆိုတော် ကိုစောထူးဝါး ခေါ် SAW TIN HTWE AYE မှာလည်း 2014 ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ကွယ်လွန်ခဲ့ပါသည်။ ”

“မမိုင်ကွယ်လွန်ချိန်တွင် သမီး၁ ဦးနှင့်သား ၂ ဦး ကျန်ရစ်ခဲ့ပါသည်။ ကလေးတွေကတော့ အသက်အားဖြင့် ၁၅၊၁၃၊၁၁ နှစ်အရွယ်တွေဖြစ်ပါတယ်။ 1)သမီးကြီး Naw Martha နော်မာသထူးဝါး PHONGPHAOTHANANDON WANYIWAH 2)သားကြီး Matthew မဲသျူး PHONGPHAOTHANANDON SUPASAN 3)သားငယ် Morgan မော်ဂန် PHONGPHAOTHANANDON NATAKORN”

“မမိုင်၏ဈာပနအစီအစဉ် သောကြာ စနေ တနင်္ဂနွေ (ဇွန်လ ၃ မှ ၅) ကာသိုလိပ်ဆေးရုံဈာပနအဆောင်ခန်းမ (၈) Navigation: 경기도 부천시 소사로 327 Taxi: 부천성모병원 장례식장 (8 관) ဇွန်လ ၃ ရက် သောကြာနေ့ ညနေ ၃ နာရီမှစ ဇွန်လ ၅ ရက်နေ့ မနက် ၉ နာရီအထိ ဈာပနခန်းမဆောင်အား ၂၄ နာရီဖွင့်ကာ ကိုးရီးယားအစားအစာဖြင့်ဧည့်ခံသွားမည်ဖြစ်ပါ၍ မိမိတို့အဆင်ပြေချိန်တွင် လာရောက်နှုတ်ဆက်ဂါဝရပြုနိုင်ပါသည်။ ဇွန်လ ၅ ရက်နေ့ တနင်္ဂနွေ မနက် ၉:၃၀ တွင် ဈာပနဝတ်ပြုအစီအစဉ်ကျင်းပကာ၊ ဆေးရုံမှကားများ နံနက် ၁၀:၃၀ တွင်ထွက်ခွါမည်။ (ဟွာဆောင်းသုသာန်သို့လိုက်ပါမည့်သူများ စနေညနေ ၃ နာရီအထိစာရင်းပေးသွင်းနိုင်ပါသည်)” ဆိုပြီး သူမမိခင်ရဲ့ နာရေးသတင်းအပြည့်အစံကို ဝေမျှပေးလာပါတယ်။

မာသထူးဝါးကတော့ မိခင်ရဲ့နာရေးသတင်းနဲ့တကွ မိခင်ရဲ့မိသားစုဝင်တွေနဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့အမှတ်တရကိုလည်း ပြောလာသလို အဖိုးဖြစ်သူဟာလည်း ကိုရီးယားကိုလိုက်လာခဲ့ပေမယ့် အသက်မမှီလိုက်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ မာသထူးဝါးရဲ့မေမေလည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Martha Htoowah’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မိခင္ရဲ့ေနာက္ဆံုးအခ်ိန္ေလးမွာ မိသားစုဝင္ေတြနဲ့နႈတ္ဆက္ခဲ့တဲ့ ေနာက္ဆံုးပံုရိပ္ကအခ်ိဳ့ကိုျပသလာတဲ့ မာသထူးဝါး

ကရင္လူမ်ိဳးအဆိုေတာ္မေလး မာသထူးဝါးကေတာ့ လူေလးခ်စ္စရာေကာင္းတဲ့အျပင္ အသံေလးပါေကာင္းတဲ့ ပါရမီရွင္ေလးတစ္ေယာက္ပါပဲ။ လူခ်စ္လူခင္ေပါမ်ားေပမယ့္ မိသားစုကံမေကာင္းတဲ့ မာသထူးဝါးဟာ သူမရဲ႕ဖခင္ကို ငယ္႐ြယ္စဥ္အခ်ိန္ကတည္းက ဆုံးရႈံးခဲ့သလို အခုတစ္ခါမွာလည္း သူမရဲ႕ မိခင္ကို ဆုံးရႈံးလိုက္ရတာပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ မာသထူးဝါးက ဧၿပီ (၂၉) ရက္ေန႔က ကြယ္လြန္သြားတဲ့မိခင္ရဲ႕ နာေရးကို ဇြန္လ (၃) ရက္ေန႔မွ (၅) ရက္ေန႔အထိ ျပဳလုပ္သြားမယ့္အေၾကာင္းကို အခုလိုပဲအသိေပးလာပါတယ္။

မာသထူးဝါးက “မမိုင္ (အသက္ ၄၁ ႏွစ္) ဈာပနအစီအစဥ္ ( ဇြန္လ ၃ မွ ၅)
နာေရးသတင္း (ေတာင္ကိုးရီးယား) ကြၽန္မတို႔၏ခ်စ္လွစြာေသာမိတ္ေဆြ မမိုင္ ေခၚ Naw Nee Thaw Taw/ SASIKAN၊ ေတးဆို ေနာ္မာသထူးဝါး၏ မိခင္သည္ 2022 May 29th ေန႔ နံနက္ ၆:၄၉ တြင္ ေတာင္ကိုးရီးယားႏိုင္ငံ Catholic University S.Mary Hospital (Bucheon) တြင္ အသည္းကင္ဆာေရာဂါျဖင့္ ခရစ္ေတာ္၌အိပ္ေပ်ာ္သြားပါသည္။ မမိုင္၏မိသားစုဝင္မ်ား။ ။ ဖခင္ Saw Htoo Paung၊ မိခင္ Naw Mu Mu Paung၊ ညီမ Paung Su/ MONTHATHIP (Mod)၊ ညီမ Khee La Paung/ MONTAKARN (Mon)၊ ေမာင္ငယ္ KYAW KLANE TUN သူမ၏ခင္ပြန္း ကရင္အဆိုေတာ္ ကိုေစာထူးဝါး ေခၚ SAW TIN HTWE AYE မွာလည္း 2014 ခုႏွစ္ မတ္လ ၆ ရက္ေန႔တြင္ ထိုင္းႏိုင္ငံ၌ကြယ္လြန္ခဲ့ပါသည္။ ”

“မမိုင္ကြယ္လြန္ခ်ိန္တြင္ သမီး၁ ဦးႏွင့္သား ၂ ဦး က်န္ရစ္ခဲ့ပါသည္။ ကေလးေတြကေတာ့ အသက္အားျဖင့္ ၁၅၊၁၃၊၁၁ ႏွစ္အ႐ြယ္ေတြျဖစ္ပါတယ္။ 1)သမီးႀကီး Naw Martha ေနာ္မာသထူးဝါး PHONGPHAOTHANANDON WANYIWAH 2)သားႀကီး Matthew မဲသ်ဴး PHONGPHAOTHANANDON SUPASAN 3)သားငယ္ Morgan ေမာ္ဂန္ PHONGPHAOTHANANDON NATAKORN”

“မမိုင္၏ဈာပနအစီအစဥ္ ေသာၾကာ စေန တနဂၤေႏြ (ဇြန္လ ၃ မွ ၅) ကာသိုလိပ္ေဆး႐ုံဈာပနအေဆာင္ခန္းမ (၈) Navigation: 경기도 부천시 소사로 327 Taxi: 부천성모병원 장례식장 (8 관) ဇြန္လ ၃ ရက္ ေသာၾကာေန႔ ညေန ၃ နာရီမွစ ဇြန္လ ၅ ရက္ေန႔ မနက္ ၉ နာရီအထိ ဈာပနခန္းမေဆာင္အား ၂၄ နာရီဖြင့္ကာ ကိုးရီးယားအစားအစာျဖင့္ဧည့္ခံသြားမည္ျဖစ္ပါ၍ မိမိတို႔အဆင္ေျပခ်ိန္တြင္ လာေရာက္ႏႈတ္ဆက္ဂါဝရျပဳႏိုင္ပါသည္။ ဇြန္လ ၅ ရက္ေန႔ တနဂၤေႏြ မနက္ ၉:၃၀ တြင္ ဈာပနဝတ္ျပဳအစီအစဥ္က်င္းပကာ၊ ေဆး႐ုံမွကားမ်ား နံနက္ ၁၀:၃၀ တြင္ထြက္ခြါမည္။ (ဟြာေဆာင္းသုသာန္သို႔လိုက္ပါမည့္သူမ်ား စေနညေန ၃ နာရီအထိစာရင္းေပးသြင္းႏိုင္ပါသည္)” ဆိုၿပီး သူမမိခင္ရဲ႕ နာေရးသတင္းအျပည့္အစံကို ေဝမွ်ေပးလာပါတယ္။

မာသထူးဝါးကေတာ့ မိခင္ရဲ႕နာေရးသတင္းနဲ႔တကြ မိခင္ရဲ႕မိသားစုဝင္ေတြနဲ႔ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့အမွတ္တရကိုလည္း ေျပာလာသလို အဖိုးျဖစ္သူဟာလည္း ကိုရီးယားကုိလိုက္လာခဲ့ေပမယ့္ အသက္မမွီလိုက္တဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ မာသထူးဝါးရဲ႕ေမေမလည္း ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Martha Htoowah’s fb

error: Alert: Content is protected !!