မိခင်ရဲ့ဈာပနအခမ်းအနားမှာ လာသမျှဧည့်သည်တွေကို အားတင်းနှုတ်ဆက်နေတဲ့ မာသထူးဝါး

အရွယ်နဲ့မလိုက်အောင် အနုပညာပါရမီကြီးမားလွန်းသူ အဆိုတော်မလေး မာသထူးဝါးကတော့ မြန်မာပရိသတ်တွေကြားမှာ နာမည်ကျော်သူတစ်ယောက်ဖြစ်သလို သူမလက်ရှိနေထိုင်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း အထိုက်အလျောက်အောင်မြင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အသက် (၁၅) နှစ်အရွယ်သာရှိသေးတဲ့ မာသထူးဝါးဟာ လက်ရှိမှာ သူမရဲ့အခက်ခဲဆုံးအချိန်တစ်ခုကို ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ ငယ်ငယ်ကတည်းက ဖခင်ကိုဆုံးရှုံးထားရတဲ့ မာသထူးဝါးဟာ သူမရဲ့မိခင်ကိုလည်း ထပ်မံဆုံးရှုံးလိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။

မာသထူးဝါးမေမေရဲ့ ဈာပနကို ဇွန်လ (၃) ရက်နေ့ကနေ (၅) ရက်နေ့အထိ ကျင်းပဖို့ရှိရာ မနေ့က ဈာပနပထမဦးဆုံးနေ့က မြင်ကွင်းတွေကို မာသထူးဝါးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။ မာသထူးဝါးကတော့ အစ်မကြီးအမိရာပီပီ မောင်လေးတွေရှေ့မှာ မျက်ရည်မကျမိအောင်အားတင်းရင်း လာသမျှဧည့်သည်တွေကို ဧည့်ခံပေးနေတာကို အခုလိုမျိုးပဲတွေ့ရပါတယ်။

မာသထူးဝါးကတော့ အဖေရော အမေပါမရှိတော့တဲ့အတွက် မောင်လေးနှစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ပေးနေရတော့မယ့် အစ်မကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင် နာကျင်မှုတွေခံစားရတဲ့ မာသထူးဝါးလေး ရှေ့ဆက်လျှောက်မယ့်ဘဝလမ်းခရီးမှာ ပျော်ရွှင်ခြင်းတွေသာ ဆုံတွေ့နိုင်ပါစေနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Martha Htoowah’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မိခင္ရဲ႕ဈာပနအခမ္းအနားမွာ လာသမွ်ဧည့္သည္ေတြကို အားတင္းႏႈတ္ဆက္ေနတဲ့ မာသထူးဝါး

အ႐ြယ္နဲ႔မလိုက္ေအာင္ အႏုပညာပါရမီႀကီးမားလြန္းသူ အဆိုေတာ္မေလး မာသထူးဝါးကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ နာမည္ေက်ာ္သူတစ္ေယာက္ျဖစ္သလို သူမလက္ရွိေနထိုင္ေနတဲ့ ေတာင္ကိုရီးယားႏိုင္ငံမွာလည္း အထိုက္အေလ်ာက္ေအာင္ျမင္သူတစ္ေယာက္ပဲျဖစ္ပါတယ္။ အသက္ (၁၅) ႏွစ္အ႐ြယ္သာရွိေသးတဲ့ မာသထူးဝါးဟာ လက္ရွိမွာ သူမရဲ႕အခက္ခဲဆုံးအခ်ိန္တစ္ခုကို ျဖတ္သန္းေနရတာပဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ငယ္ငယ္ကတည္းက ဖခင္ကိုဆုံးရႈံးထားရတဲ့ မာသထူးဝါးဟာ သူမရဲ႕မိခင္ကိုလည္း ထပ္မံဆုံးရႈံးလိုက္ရတာေၾကာင့္ပဲျဖစ္ပါတယ္။

မာသထူးဝါးေမေမရဲ႕ ဈာပနကို ဇြန္လ (၃) ရက္ေန႔ကေန (၅) ရက္ေန႔အထိ က်င္းပဖို႔ရွိရာ မေန႔က ဈာပနပထမဦးဆုံးေန႔က ျမင္ကြင္းေတြကို မာသထူးဝါးက သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးထားပါတယ္။ မာသထူးဝါးကေတာ့ အစ္မႀကီးအမိရာပီပီ ေမာင္ေလးေတြေရွ႕မွာ မ်က္ရည္မက်မိေအာင္အားတင္းရင္း လာသမွ်ဧည့္သည္ေတြကို ဧည့္ခံေပးေနတာကို အခုလိုမ်ိဳးပဲေတြ႕ရပါတယ္။

မာသထူးဝါးကေတာ့ အေဖေရာ အေမပါမရွိေတာ့တဲ့အတြက္ ေမာင္ေလးႏွစ္ေယာက္အတြက္ မားမားမတ္မတ္ရပ္တည္ေပးေနရေတာ့မယ့္ အစ္မႀကီးတစ္ေယာက္ပဲျဖစ္ပါတယ္။ အ႐ြယ္နဲ႔မလိုက္ေအာင္ နာက်င္မႈေတြခံစားရတဲ့ မာသထူးဝါးေလး ေရွ႕ဆက္ေလွ်ာက္မယ့္ဘဝလမ္းခရီးမွာ ေပ်ာ္႐ႊင္ျခင္းေတြသာ ဆုံေတြ႕ႏိုင္ပါေစေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Martha Htoowah’s fb

error: Alert: Content is protected !!