မိခင်ရဲ့ကျန်းမာရေးကိစ္စနဲ့ ငွေရေးကြေးရေးကြောင့် စိတ်ပူနေရတဲ့သောကတွေပြီးတဲ့နောက် သတင်းကောင်းလေးတွေကိုကြားလာရပြီဆိုတဲ့ ဥက္ကာမင်းမောင်
သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ အလှမောင်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ LGBT ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားခဲ့သလို သူ့ရဲ့နေ့စဉ်အကြောင်းအရာလေးတွေကိုလည်း ပရိသတ်တွေကို အမြဲတမ်းမျှဝေပေးနေလျက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ မိသားစုငွေရေးကြေးရေးကိစ္စနဲ့ မိခင်ရဲ့ ကင်ဆာရောဂါတို့ကြောင့် စိတ်သောကတွေခံစားနေရတဲ့ ဥက္ကာမင်းမောင်ဟာ ဒီကနေ့မှာတော့ သူ့အနေနဲ့ သတင်းကောင်းလေးတွေကြားလာရပြီလို့ဆိုပါတယ်။
ဥက္ကာမင်းမောင်က “နောက်သတင်းကောင်းလေးတွေက အခုလာမယ့် လာမယ့် နိုဝင်ဘာလမှာ ၇ ကြိမ်မြောက် ကျင်းပမယ့် Mister Tourism World ပြိုင်ပွဲကို Brazil နိုင်ငံ Rio de Janeiro မြို့မှာကျင်းပမှာဖြစ်ပါတယ်။ ကျွန်တော် ဒိုင်လူကြီးအဖြစ်သွားရောက်ဆောင်ရွက်ဖို့ ဖိတ်ခေါ်သလို အခု လက်ရှိအသံသွင်းနေတဲ့ ဒုတိယ album ထဲက English သီချင်းတချို့နဲ့လဲ ဖျော်ဖြေမှာဖြစ်ပါတယ။ နိုင်ငံတကာက Live ကြည့်နေမယ့် ပြိုင်ပွဲမှာ ဖျော်ဖြေရမှာဖြစ်တဲ့အတွက် ကျွန်တော် အစစအရာရာ ကြိုတင်ပြင်ဆင် အစွမ်းကုန်ကြိုးစားပါမယ်။ အဲ့အတွက်လဲ ရင်တွေခုန် စိတ်လှုပ်ရှားနေပါပြီ။ ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က American သရုပ်ဆောင်တွေနဲ့ ရိုက်ခဲ့တဲ့ “Shadow of Love” short film က ဇာတ်လမ်းရှည်ရုပ်ရှင်ကားကြီးအဖြစ် ဒီနှစ်ထဲပြောင်းလဲမယ်လို့ ဒါရိုက်တာထုတ်လုပ်သူကပြောပါတယ်။ ခေါင်းဆောင်အဖြစ်သရုပ်ဆောင်ရမယ့်အပြင် ကျွန်တော့်အတွက် International တက်လှမ်းခွင့်ရမယ့် ပထမဆုံး English စကားပြောဇာတ်ကားကြီးဖြစ်လာမှာပါ။ ရိုက်ဖို့တော့ လိုပါသေးတယ်။ ကျွန်တော့် ဝတ္ထုစာအုပ်ရော၊ ဒုတိယ album ရော ပရိတ်သတ်လက်ထဲ အမြန်ဆုံးရောက်အောင်ကြိုးစားပါမယ်။ မေကြီးဆီက သူ့ကင်ဆာဆေးစစ်အဖြေ သတင်းကောင်းလေးလဲ ကြားရပြီဆိုတော့ စိတ်လဲ တော်တော် သက်သာသွားပြီ.. ဆက်တော့ကုရဦးမှာပါ.. သူငယ်ချင်း Chrissy လဲ New York ပြောင်းလာပြီဆိုတော့ ပရိတ်သတ်များအတွက်လဲ ဟာသဗီဒီယိုလေးတွေ ဒီကြားထဲရိုက်ပြီး ပြန်တင်ပေးမယ်နော်။ Beauty pageant နဲ့ ပက်သတ်တဲ့ဗီဒီယိုလေးတွေ Modeling နဲ့ ပတ်သတ်တဲ့ ဗီဒီယိုလေးတွေလဲတင်မယ်။ ကြိုးစားပါမယ်.. အားပေးနော်.. ကံကောင်းခြင်းလေးတွေ စတင်ရောက်ရှိလာတော့မယ်လို့ခံစားရတယ်.. မုန်တိုင်းတွေမြန်မြန်ပြီးလို့ လေပြေလာပါတော့လို့ဆုတောင်းနေပါတယ်။” ဆိုပြီးပြောလာပါတယ်။
ဥက္ကာမင်းမောင်ကတော့ သူ့အနေနဲ့ စိတ်ပင်ပန်းသောကရောက်ရတာတွေအရမ်းများပြီးတဲ့နောက် အခုဆိုရင် သူ့အတွက် နိုင်ငံတကာအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းခွင့်ရတော့မှာပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်တစ်ယောက် ရှေ့လျှောက်ကံကောင်းခြင်းတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Okkar Min Maung’s fb