မိခင်ကြီးကွယ်လွန်ခြင်း (၂) နှစ်ပြည့်နေ့မှာ ရည်စူးကုသိုလ်တွေပြုလုပ်ပေးခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ

တက္ကသိုလ်ဂွမ်းပုံကတော့ မြန်မာသရုပ်ဆောင်တွေထဲမှာ ကျရာဇာတ်ရုပ်အတိုင်း ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အကယ်ဒမီထူးချွန်ဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ တက္ကသိုလ်ဂွမ်းပုံဟာ လက်ရှိအချိန်ထိလည်း ဇာတ်ကားတွေကို လက်မလည်အောင်ရိုက်ကူးနေရဆဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တက္ကသိုလ်ဂွမ်းပုံရဲ့ ဇာတ်ကားတွေကို အားပေးရင်း ဒီနေ့ဒီအချိန်ထိ ချစ်ပေးကြဆဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားပြီး ပြင်ဦးလွင်ကအိမ်မှာနေနေတဲ့ တက္ကသိုလ်ဂွမ်းပုံဟာ မနေ့က မေလ (၂၄) ရက်နေ့မှာလည်း သူမရောက်ရှိနေတဲ့ အရိပ်ဒေသမှာ ကုသိုလ်လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ တက္ကသိုလ်ဂွမ်းပုံက “ကွယ်လွန်သူမိခင်ကြီးအားရည်စူး၍.(24*5*2022) ၂..နှစ်ပြည့်အလှူ🙏🙏🙏” ဆိုပြီး ကွယ်လွန်သူမိခင်ကြီးအတွက် ရည်စူးကုသိုလ်တွေပြုလုပ်ပေးခဲ့တဲ့အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံကတော့ မိခင်ကြီးကွယ်လွန်ပြီးတဲ့နောက်မှာ လစဉ်လတိုင်းလိုလို မိခင်ကြီးအတွက် ရည်စူးကုသိုလ်တွေပြုပေးဖြစ်နေတာပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံရဲ့မေမေလည်း သမီးလေးပြုပေးသမျှ ကုသိုလ်တွေကို အမျှရလို့ သာဓုခေါ်ဆိုနေမယ်ဆိုတာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: တက္ကသိုလ်ဂွမ်းပုံ’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!