မိခင်ကိုဆုံးရှုံးပြီး တစ်နှစ်ကျော်အကြာ ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ဖခင်ကို ထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ မိုးဟေကို

နိုင်ငံကျော်သရုပ်ဆောင် မိုးဟေကိုကတော့ သရုပ်ဆောင်ကောင်းပြီး အားပေးသူ ပရိသတ်လည်း အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါပဲ။ မိုးဟေကိုဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားတွေရိုက်ကူးခြင်းထက် မိသားစုအရေးကို ပိုမိုဦးစားပေးခဲ့ရသူမို့ သူမအနေနဲ့ အကယ်ဒမီဆုကြီးနဲ့လည်း ဒီနေ့ဒီအချိန်ထိ လွဲချော်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိုးဟေကိုနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတစ်ခုက ထွက်ပေါ်လာပါတယ်။    

မိုးဟေကိုရဲ့ ဖခင်ကြီးဟာ ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ကြောင်းကို သူမရဲ့ ဆရာ ဂျွန်လွင်က “မိုးဟေကိုရဲ့ ကျေးဇူးရှင်ဖခင်ကြီး ဦးကျော်မင်းသည် 10:15 မိနစ်အချိန်ခန်တွင်..အာယုဆေးရုံ၌ တစ်ဘဝတစ်ပါးသို့ကူးပြောင်းသွားပါသဖြင့် သမီးမိုးဟေကို မိသားစုနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်။ မိဘအပေါ်အစစအရာရာ တာဝန်ကျေပွန်တဲ့သမီးမိုးဟေကို..Fighting ပါ။ အန်ကယ် ဦးကျော်မင်း ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေ။ ဝမ်းနည်းခြင်းများစွာဖြင့်….” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် ဇွန်လမှာ သူမရဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာ ဖခင်ကို ထပ်မံဆုံးရှုံးလိုက်ရပြီပဲ ဖြစ်ပါတယ်။ မိုးရဲ့ ဆုံးရှုံးမှုက ကြီးမားလွန်းလို့ မိုးနဲ့ ထပ်တူစိတ်မကောင်းဖြစ်မိရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: John Lwin’s fb

မိခင်ကိုဆုံးရှုံးပြီး တစ်နှစ်ကျော်အကြာ ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ဖခင်ကို ထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ မိုးဟေကို

နိုင်ငံကျော်သရုပ်ဆောင် မိုးဟေကိုကတော့ သရုပ်ဆောင်ကောင်းပြီး အားပေးသူ ပရိသတ်လည်း အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါပဲ။ မိုးဟေကိုဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်ကားတွေရိုက်ကူးခြင်းထက် မိသားစုအရေးကို ပိုမိုဦးစားပေးခဲ့ရသူမို့ သူမအနေနဲ့ အကယ်ဒမီဆုကြီးနဲ့လည်း ဒီနေ့ဒီအချိန်ထိ လွဲချော်နေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိုးဟေကိုနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတစ်ခုက ထွက်ပေါ်လာပါတယ်။

မိုးဟေကိုရဲ့ ဖခင်ကြီးဟာ ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ကြောင်းကို သူမရဲ့ ဆရာ ဂျွန်လွင်က “မိုးဟေကိုရဲ့ ကျေးဇူးရှင်ဖခင်ကြီး ဦးကျော်မင်းသည် 10:15 မိနစ်အချိန်ခန်တွင်..အာယုဆေးရုံ၌ တစ်ဘဝတစ်ပါးသို့ကူးပြောင်းသွားပါသဖြင့် သမီးမိုးဟေကို မိသားစုနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲရပါသည်။ မိဘအပေါ်အစစအရာရာ တာဝန်ကျေပွန်တဲ့သမီးမိုးဟေကို..Fighting ပါ။ အန်ကယ် ဦးကျော်မင်း ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေ။ ဝမ်းနည်းခြင်းများစွာဖြင့်….” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် ဇွန်လမှာ သူမရဲ့ မိခင်ကို ဆုံးရှုံးလိုက်ရတာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာ ဖခင်ကို ထပ်မံဆုံးရှုံးလိုက်ရပြီပဲ ဖြစ်ပါတယ်။ မိုးရဲ့ ဆုံးရှုံးမှုက ကြီးမားလွန်းလို့ မိုးနဲ့ ထပ်တူစိတ်မကောင်းဖြစ်မိရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: John Lwin’s fb

error: Alert: Content is protected !!