မာသထူးဝါးရဲ့မေမေလို သဘောထားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ သူငယ်ချင်း ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဟဲလေး
ဒီကနေ့ မေလ (၂၉) ရက်နေ့မှာတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းပိုင်ရှင် မာသထူးဝါးရဲ့မိခင်ဟာ တောင်ကိုရီးယားနိုင်ငံမှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မာသထူးဝါးတို့ဟာ ငယ်ငယ်ကတည်းက ဖခင်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အခုတစ်ခါမှာလည်း မိခင်ကလည်း ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေနဲ့တကွ မိတ်ဆွေတွေက စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာပဲဖြစ်ပါတယ်။
အဆိုတော်ဟဲလေးကလည်း သူ့ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ မာသထူးဝါးရဲ့မေမေအတွက် “သိပ်ချစ်စရာကောင်းတဲ့..သဘောထားဖြူစင်လှတဲ့ သူငယ်ချင်းတစ်ယောက်..မရှိတော့ဘူး💔ကောင်းကင်ဘုံမှာ..အေးချမ်းပါစေ..🙏 နှုတ်ဆက်ပါတယ်..မမိုင်ရေ…💔💔 29.5.2022” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ဝမ်းနည်းကြောင်း ရေးသားထားပါသေးတယ်။
ဟဲလေးကတော့ သူနဲ့လည်း ခင်မင်ရင်းနှီးတဲ့ မာသထူးဝါးရဲ့ မေမေအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်နေတာပဲဖြစ်ပါတယ်။ မာသထူးဝါးရဲ့မေမေလည်း အခုချိန်ဆို ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနေလောက်ပြီထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Naing Lin Aung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်