မယားပြိုင်သုံးယောက်ရှိတဲ့ယောကျာ်းနဲ့ပတ်သက်ခဲ့မိတာကြောင့် မယားကြီးဖြစ်သူရဲ့ ဖွင့်ဟခြင်းခံရတော့မယ့် မော်ဒယ်လ်နွယ်နွယ်ထွန်း

မော်ဒယ်လ်နွယ်နွယ်ထွန်းကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ လှပတဲ့ကောက်ကြောင်းတို့ကြောင့် ပရိသတ်တွေကြား နာမည်ကျော်သူဖြစ်ပါတယ်။ နွယ်နွယ်ထွန်းဟာ ပြီးခဲ့တဲ့လပိုင်းက ကိုယ်ဝန်ရှိနေတဲ့ပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာမှာ ပြသခဲ့ပြီး သူမရဲ့အစ်ရင်းဖြစ်တဲ့ မော်ဒယ်လ်မိုးမြင့်သဇင်ကလည်း ညီမဖြစ်သူ အိမ်ထောင်ကျသွားခဲ့ပြီဖြစ်ပြီး နိုင်ငံခြားမှာပဲ မီးဖွားခဲ့ပြီလို့ အင်တာဗျူးတွေဖြေကြားခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နွယ်နွယ်ထွန်းကလေးရဲ့ဖခင်ဟာ လူပျိုလူလွတ်မဟုတ်ပဲ တရားဝင်မယားကြီးရှိသူဖြစ်ပြီး ထိုအမျိုးသမီးဟာ သူမရဲ့ခင်ပွန်းနဲ့ပတ်သက်ခဲ့သမျှလူတွေအကြောင်းကို ဖွင့်ဟပြတော့မယ်လို့ ဆိုလာပါတယ်။

ထိုအမျိုးသမီးက “ဂုဏ်သိက္ခာတခုကြောင့်မပြောပဲမြိုသိပ်နေခဲ့တဲ့အရာတွေကို အခုချိန်ကနေစပြီး နည်းနည်းချင်းချပြသွားမှာဖြစ်တဲ့အတွက် သိချင်လို့ခဏခဏလာမေးနေကျသောမိတ်ဆွေသူငယ်ချင်းများ ဖျာလေးခင်းပြီးနေရာယူထားကျပါရှင် အခုလိုပြောပြနိုင်ဖို့အတွက် စိတ်ဖိစီးမှု့တွေကြောင့်အိပ်ဆေးတွေအလွန်အကျွံသောက်ပြီးစိတ်ကျနေတဲ့ကျွန်မကိုလူလိုသူလိုဖြစ်အောင်စိတ်ဒဏ်ရာတွေကိုသက်သာအောင်အချိန်၂နှစ်နီးပါးဘေးကနေအဖော်ပြုကျွန်မရူးသမျှကိုသည်းခံထိန်းကျောင်းပြုပြင်ပေးပြီးစိတ်ခွန်အားတွေပေးတဲ့ချစ်ရသောမိသားစုနှင့်သူငယ်ချင်းကောင်းအမများညီမများ အရမ်းကိုကျေးဇူးတင်ပါတယ်။Physically Abuse မရှိခဲ့ပင်မဲ့ Mentally Abuse ကိုနှစ်ရှည်ခံစားခဲ့ရတဲ့အရာတွေပါ ဒီစာကိုဘာ့ကြောင့်တင်ရလဲဆိုရင် ကျွန်မလုပ်လို့ဘဝပျက်ပါတယ်ပြောလို့ဘယ်သူ့ဘဝကဘယ်သူ့ကြောင့်ပျက်လဲသိရအောင်လို့ပါ တချို့လူတွေလည်းသိပြီးသားလို့ကျွန်မထင်ပါတယ်။ CB မှာလည်းလာရောက်မေးမြန်းလို့ရပါတယ် ကျွန်မပျော်ရွှင်စွာနဲ့အကုန်ပြောပြပေးပါ့မယ်။ Nay Lin Tun SMT Construction၊ Su Htet Naing Aphrodite Clothing၊ Nwe Nwe Tun Angel Yit Yit” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ပို့စ်တင်ခာခဲ့တာပဲဖြစ်ပါတယ်။

နွယ်နွယ်ထွန်းဟာ တရားဝင်မယားကြီးရှိသူရဲ့ တတိယမြောက်မယားဖြစ်ပြီး ထိုအမျိုးသားဟာ နွယ်နွယ်ထွန်းနဲ့လည်း ကလေးတစ်ယောက်ရှိသလို ပထမမယားကြီးနဲ့ ကလေးနှစ်ယောက်၊ ဒုတိယမယားနဲ့ ကလေးတစ်ယောက်ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyi Thar Oo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Kyi Thar Oo’s fb

error: Alert: Content is protected !!