မမဦးတစ်ယောက် နောက်တစ်ယောက်ရှာတွေ့သွားခဲ့ပြီဆိုပြီး ကျက်သရေရှိတဲ့ Pre Wedding ဓာတ်ပုံလေးတွေကို ချပြလာခဲ့တဲ့ ဆုထက်လှိုင်

အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်တဲ့ ဆုထက်လှိုင်ကတော့ သီချင်းဆိုကောင်းရုံသာမက သရုပ်ဆောင်လည်းကောင်းမွန်သူဖြစ်ကြောင်းကို “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ သက်သေပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဆုထက်လှိုင်ကလည်း သူမရဲ့ အနုပညာအပေါ်မှာ မလျော့တဲ့ဇွဲ၊ လုံ့လတွေနဲ့ တစ်နေ့ထက်တစ်နေ့ကြိုးစားနေလျက်ရှိတာပဲဖြစ်ပါတယ်။

လက်ရှိမှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်တစ်ယောက်ပီပီ အနုပညာလှုပ်ရှားမှုတွေလက်မလည်အောင်လုပ်ကိုင်နေရတဲ့ ဆုထက်လှိုင်ဟာ ဒီတစ်ခါမှာလည်း ထိုင်မသိမ်းဝတ်စုံလေးနဲ့ ကျက်သရေရှိတဲ့ Pre Wedding ဓာတ်ပုံလေးတွေကို ချပြလာခဲ့ပါတယ်။ ဆုထက်လှိုင်က သရုပ်ဆောင် ရဲရင့်မောင်မောင်နဲ့အတူတူ KMA Wedding Photo Studio အတွက် ဓာတ်ပုံလေး ရိုက်ကူးပေးခဲ့တာကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ဆုထက်လှိုင်ကတော့ “မမဦးလေးတယောက် နောက်တယောက်တွေ့သွားရှာပြီ 🤣” ဆိုပြီး သတို့သားလေးနဲ့ Wedding Photo Studio အတွက် Pre Wedding ဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့တာကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆုထက်လှိုင်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: KMA Wedding Photo Studio ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မမဦးတစ္ေယာက္ ေနာက္တစ္ေယာက္ရွာေတြ႕သြားခဲ့ၿပီဆိုၿပီး က်က္သေရရွိတဲ့ Pre Wedding ဓာတ္ပုံေလးေတြကို ခ်ျပလာခဲ့တဲ့ ဆုထက္လႈိင္

အဆိုေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကိုဝင္ေရာက္လာခဲ့သူတစ္ေယာက္ျဖစ္တဲ့ ဆုထက္လႈိင္ကေတာ့ သီခ်င္းဆိုေကာင္း႐ုံသာမက သ႐ုပ္ေဆာင္လည္းေကာင္းမြန္သူျဖစ္ေၾကာင္းကို “ေဒါင္းယာဥ္ပ်ံဘုံနံေဘးမွာစာေရးလို႔ထားခ်င္တယ္” ဇာတ္လမ္းတြဲမွာ သက္ေသျပႏိုင္ခဲ့ၿပီပဲျဖစ္ပါတယ္။ ဆုထက္လႈိင္ကလည္း သူမရဲ႕ အႏုပညာအေပၚမွာ မေလ်ာ့တဲ့ဇြဲ၊ လုံ႔လေတြနဲ႔ တစ္ေန႔ထက္တစ္ေန႔ႀကိဳးစားေနလ်က္ရွိတာပဲျဖစ္ပါတယ္။

လက္ရွိမွာ ေရပန္းစားေနတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပီပီ အႏုပညာလႈပ္ရွားမႈေတြလက္မလည္ေအာင္လုပ္ကိုင္ေနရတဲ့ ဆုထက္လႈိင္ဟာ ဒီတစ္ခါမွာလည္း ထိုင္မသိမ္းဝတ္စုံေလးနဲ႔ က်က္သေရရွိတဲ့ Pre Wedding ဓာတ္ပုံေလးေတြကို ခ်ျပလာခဲ့ပါတယ္။ ဆုထက္လႈိင္က သ႐ုပ္ေဆာင္ ရဲရင့္ေမာင္ေမာင္နဲ႔အတူတူ KMA Wedding Photo Studio အတြက္ ဓာတ္ပုံေလး ႐ိုက္ကူးေပးခဲ့တာကို ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ဆုထက္လႈိင္ကေတာ့ “မမဦးေလးတေယာက္ ေနာက္တေယာက္ေတြ႕သြားရွာၿပီ 🤣” ဆိုၿပီး သတို႔သားေလးနဲ႔ Wedding Photo Studio အတြက္ Pre Wedding ဓာတ္ပုံေလးေတြ ႐ိုက္ကူးခဲ့တာကို မွ်ေဝေပးခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဆုထက္လႈိင္ရဲ႕ ပုံရိပ္ေလးေတြကိုၾကည့္ၿပီး သေဘာက်ၾကမယ္ထင္ပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: KMA Wedding Photo Studio ‘s fb

error: Alert: Content is protected !!