စိုးပြည့်သဇင်ကတော့ အနုပညာလောကထဲကိုဆယ်ကျော်သက်အရွယ်က တည်းကဝင်ရောက်လာခဲ့ပြီး အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ခဲ့သူပါ။ စိုးပြည့်သဇင်က “မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိခဲ့ပြီးရုပ်ရှင်နယ်ပယ်မှာသာမကပဲ ဂီတလောကမှာပါနေရာတစ်နေရာ အခိုင် အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကပရိသတ်ကြိုက်ကြသလိုသူမသီဆိုတဲ့သီချင်းတိုင်းကလည်း ရေပန်းစားလှပါတယ်။ အောင်မြင်သူတစ်ယောက်ပီပီ ပရိသတ်တွေများစွာပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင်ဟာ သူမကိုတာဝန်ကျေကျေ ချစ်ပေးကြတဲ့ မန္တလေးပရိသတ်တွေအကြောင်းကို အခုလိုပဲပြောလာပါတယ်။
စိုးပြည့်သဇင်က “မန္တလေးမြို့ရောက်တိုင်းချစ်ခင်ရတဲ့သူတွေဆီအမြဲသွားဖြစ်တယ်….ခုလည်းအလုပ်ကိစ္စနဲ့သွားရင်းမန္တလေးဝင်ဖြစ်တော့ချစ်တဲ့သူတွေနဲ့ရတဲ့အချိန်လေးအပြေးတွေ့…စကားတွေပြောကြနဲ့ရတဲ့အချိန်ခဏလေးမှာနွေးထွေးပျော်ရွှင်ခဲ့ရပါတယ်…ချစ်တယ်..မန္တလေးမြို့ကြီးကိုရော….မန္တလေးမြို့မှချစ်ခင်ရသူများအားလုံးကိုရော…ကျေးဇူးအများကြီးတင်ပါတယ်ရှင့်💓💓 မန္တလေးရောက်တိုင်းအမြဲလာတွေ့တဲ့စိုးပြည့်ရဲ့မန္တလေးကfansလေးများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်.❤️” ဆိုပြီး မန္တလေး အမှတ်တရ ဓာတ်ပုံတွေကို တင်လာတာပဲဖြစ်ပါတယ်။
စိုးပြည့်သဇင်ကတော့ မန္တလေးကိုရောက်ခိုက် ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေ ပရိသတ်တွေကြောင့် တော်တော်လေး ပျော်ရွှင်လာရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Soe Pyae Thazin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
မန္တလေးကို ဘယ်အချိန်သွားသွား တာဝန်ကျေကြတဲ့ ချစ်ပရိသတ်တွေအကြောင်းကို ပြောပြလာတဲ့ စိုးပြည့်သဇင်
Yolo
error: Alert: Content is protected !!