မနေ့က မေလ (၁၄) ရက်နေ့မှာ (၂) နှစ်ပြည့်သွားပြီဆိုတဲ့ R ဇာနည်နဲ့ ဝမ်းတို့ရဲ့ သမီးထွေးလေး မစ်မစ်တုန်
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ကြီး R ဇာနည်ကတော့ အသံပါဝါကောင်းကောင်းနဲ့ အမိုက်စားသီချင်းတွေကို အကောင်းဆုံး သီဆိုလေ့ရှိသူတစ်ဦးပါ။ ဂီတလောကမှာ အရမ်းကို အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ရတဲ့ R ဇာနည်ကတော့ မိသားစုရေး အိမ်ထောင်ရေးမှာလည်း အရမ်းကို ကံကောင်းလွန်းတဲ့ သူတစ်ဦးဆိုလည်း မမှားပါဘူး။ R ဇာနည်ကတော့ အခုဆိုရင် သားနှစ်ယောက် သမီးတစ်ယောက်နဲ့ နွေးထွေးလုံခြုံမှုရှိတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေလျက်ရှိပါတယ်။
ဒီကနေ့ မနေ့က မေလ (၁၄) ရက်နေ့ကတော့ R ဇာနည်နဲ့ ဝမ်းတို့ရဲ့ သမီးထွေးလေး မစ်မစ်တုန်ရဲ့ အသက် (၂) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ R ဇာနည်နဲ့ ဝမ်းတို့ဟာ သားသမီးတွေမွေးနေ့တိုင်း အလှူတွေနဲ့ ကောင်းမှုကုသိုလ်တွေပြုပေးလေ့ရှိပေမယ့် လတ်တလောမှာတော့ သူတို့မိသားစုကိုယ်တိုင်လည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် နေအိမ်ကနေ တိမ်းရှောင်နေရတာမို့ သမီးလေးမွေးနေ့ကို အဝေးကနေပဲ အလှူတွေပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။
R ဇာနည်နဲ့ ဝမ်းတို့ရဲ့ သမီးထွေးလေး မစ်မစ်တုန်ကတော့ ပရိသတ်တွေမျက်စိရှေ့မှာတင်ပဲ (၂) နှစ်ဆိုတဲ့အရွယ်ကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး မစ်မစ်တုန်အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Phit Phit Chit Chit Mhit Mhit ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်