မနက်ဖြန်ကျရောက်မယ့် ဝတ်မှုံရွှေရည်ရဲ့မွေးနေ့အတွက် ခိုင်နှင်းဝေဂေဟာမှာ အလှူလုပ်ပေးခဲ့တဲ့ Kit Fan Club (KFC)

ပရိသတ်တွေချစ်တဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ရုပ်ရည်လေးလဲ လှပချောမောသလောက် အမူအယာလေးကလဲ ချစ်စရာကောင်းမွန်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို နှစ်အတော်ကြာ အခိုင်အမာရရှိထားသူ တစ်ယောက်ပါ။ ဝတ်မှုံရွှေရည်ကတော့ သူမရဲ့လူငယ်ဘဝမှာ အနုပညာအလုပ်တွေကိုသာ စိတ်နှစ်ထားသူမို့ အိမ်ထောင်ရေးကို မစဉ်းစားနိုင်ခဲ့ပဲ လက်ရှိအရွယ်ထိ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကလည်း သူမရဲ့အနားမှာ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေကိုဖန်တီးပြီး ဘဝကိုအေးချမ်းစွာနဲ့ပဲ ဖြတ်သန်းနေ သူတစ်ယောက်ပါ။

မနက်ဖြန် သြဂုတ်လ (၁၀) ရက်နေ့ကတော့ ဝတ်မှုံရွှေရည်ရဲ့ အသက် (၃၄) နှစ်ပြည့်မွေးနေ့ကိုကျရောက်မှာပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့မွေးနေ့အတွက် သူမရဲ့ ပရိသတ်တွေဖြစ်တဲ့ Kit Fan Club (KFC) တွေက ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာသို့ အလှူငွေ (120,000kyats) တစ်သိန်းနှစ်သောင်းကျပ်တိတိကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ဝတ်မှုံရွှေရည်ရဲ့ ပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ Idol အတွက် အမှန်တကယ်လိုအပ်နေတဲ့ ခိုင်နှင်းဝေရဲ့ဂေဟာလေးမှာ အလှူငွေတွေ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း KFC လေးတွေပေးတဲ့ မွေးနေ့ကုသိုလ်အတွက် အရမ်းပျော်ရွှင်ကျေနပ်နေမယ်ဆိုတာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ’s fb

error: Alert: Content is protected !!