မနက်ဖြန်ကျရောက်မယ့် ပိုပို့ရဲ့မွေးနေ့အတွက် တိရစ္ဆာန်ဂေဟာကို ငွေကျပ်တစ်သိန်း လှူဒါန်းပေးခဲ့တဲ့ ယွန်းမြတ်သူ

အဆိုတော်ပိုပိုကတော့ သီချင်းဆိုကောင်းရုံသာမက လူလေးကလည်းချစ်စရာကောင်းပြီး ဖော်ရွေတာကြောင့် ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ ချစ်ကြတာဖြစ်ပါတယ်။ ပိုပိုဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရားဖမ်းဆီးခြင်းခံထားရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံထားရတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပိုပိုဟာ သူချစ်တဲ့လူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

မနက်ဖြန် မေလ (၁၆) ရက်နေ့ကတော့ ပိုပိုရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ပိုပိုရဲ့မွေးနေ့အတွက် အဆိုတော်ယွန်းမြတ်သူက Kind Heart Dogs Rescue and Shelter Yangon အတွက် အလှူငွေ တစ်သိန်းလှူဒါန်းပေးခဲ့ပါသေးတယ်။ ယွန်းမြတ်သူကတော့ ပိုပိုမရှိပေမယ့် ပိုပို့ကိုယ်စား ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးရင်း အစ်မကြီးပိုပိုကို သတိရနေတာပဲဖြစ်ပါတယ်။

ပိုပိုနဲ့ ယွန်းမြတ်သူကတော့ ဂီတအနုပညာလမ်းကြောင်းပေါ်မှာ ကျင်လည်နေကြတဲ့ အနုပညာညီအစ်မတွေပီပီ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းမြတ်သူပြုပေးတဲ့ ပိုပို့မွေးနေ့အလှူလေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kind Heart Dogs Rescue and Shelter Yangon’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မနက္ျဖန္က်ေရာက္မယ့္ ပိုပို႔ရဲ႕ေမြးေန႔အတြက္ တိရစာၦန္ေဂဟာကို ေငြက်ပ္တစ္သိန္း လႉဒါန္းေပးခဲ့တဲ့ ယြန္းျမတ္သူ

အဆိုေတာ္ပိုပိုကေတာ့ သီခ်င္းဆိုေကာင္း႐ုံသာမက လူေလးကလည္းခ်စ္စရာေကာင္းၿပီး ေဖာ္ေ႐ြတာေၾကာင့္ ပရိသတ္ေတြသာမက အႏုပညာအသိုင္းအဝိုင္းတစ္ခုလုံးကပါ ခ်စ္ၾကတာျဖစ္ပါတယ္။ ပိုပိုဟာ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ မတရားဖမ္းဆီးျခင္းခံထားရၿပီး အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံထားရတာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ပိုပိုဟာ သူခ်စ္တဲ့လူေတြနဲ႔ အဆက္အသြယ္ျပတ္ေတာက္ေနခဲ့တာ အခ်ိန္အေတာ္ၾကာျမင့္ခဲ့ၿပီပဲျဖစ္ပါတယ္။

မနက္ျဖန္ ေမလ (၁၆) ရက္ေန႔ကေတာ့ ပိုပိုရဲ႕ ေမြးေန႔ေလးပဲျဖစ္ပါတယ္။ ပိုပိုရဲ႕ေမြးေန႔အတြက္ အဆိုေတာ္ယြန္းျမတ္သူက Kind Heart Dogs Rescue and Shelter Yangon အတြက္ အလွဴေငြ တစ္သိန္းလွဴဒါန္းေပးခဲ့ပါေသးတယ္။ ယြန္းျမတ္သူကေတာ့ ပိုပိုမရိွေပမယ့္ ပိုပို့ကိုယ္စား ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးရင္း အစ္မၾကီးပိုပိုကို သတိရေနတာပဲျဖစ္ပါတယ္။

ပိုပိုနဲ့ ယြန္းျမတ္သူကေတာ့ ဂီတအနုပညာလမ္းေၾကာင္းေပၚမွာ က်င္လည္ေနၾကတဲ့ အနုပညာညီအစ္မေတြပီပီ တစ္ေယာက္ရဲ့လိုအပ္ခ်က္ကို တစ္ေယာက္ျဖည့္ဆည္းေပးေနၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ယြန္းျမတ္သူျပဳေပးတဲ့ ပိုပို့ေမြးေန့အလွဴေလးကို ဝမ္းေျမာက္စြာသာဓုေခၚဆိုေပးၾကပါဦးေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Kind Heart Dogs Rescue and Shelter Yangon’s fb

error: Alert: Content is protected !!