မတွေ့ရတာ နှစ်နဲ့ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့ သားကြီး ကိုကြီးသော်ကို အဝေးကနေ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ကိုပေါက်
နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ကိုပေါက်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ သူ့ရဲ့စိတ်နဲ့ခန္ဓာကို အရေးတော်ပုံအတွက် နှစ်မြှုပ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ချစ်တဲ့အနုပညာအလုပ်တွေကိုစွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေမှာ နေထိုင်နေတဲ့ ကိုပေါက်ဟာ ဒီကနေ့ ဇူလိုင်လ (၁၆) ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့သားကြီး မင်းဝေဟင်ဟိန်း အတွက် မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။
ကိုပေါက်က “သားသားရေ ကိုကြီးသော်.. မွေးနေ့မှာပျော်ရွှင်ပါစေ။ သားသားအဆင်ပြေပါစေ။ သားသားကျန်းမာပါစေ။ သားသားဘေးရန်ကင်းပါစေ။ ဖေဖေမော့ကြည့်ရတဲ့ သားကြီး ဖြစ်ပါစေ။ ရန်သူမျိုး ၅ ပါးရန်က ကင်းဝေးပါစေ။ မေမေ့ကိုလည်း စောင့်ရှောက်နိုင်ပါစေ။ ညီလေးကိုလည်း ကာကွယ်နိုင်ပါစေ။ ချစ်တဲ့ အဝေးရောက်ဖေဖေ” ဆိုပြီး အဝေးကနေ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။
ကိုပေါက်ကတော့ အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူရဲ့မွေးနေ့မှာ မိသားစုစုံစုံလင်လင်ရှိနေချင်မှာ အသေအချာပါပဲ။ ကိုပေါက်တစ်ယောက် ဖြစ်ချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပြီး မိသားစုနဲ့ အမြန်ဆုံးဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Aung Min Naing ‘s fb