မတွေ့တာကြာနေပြီဖြစ်တဲ့ သမီးလေးကို လက်ကနေမချစတမ်းပွေ့ချီပြီး လျှောက်လည်နေတဲ့ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်ကိုပြသလာတဲ့ အိမ့်ချစ်
အဆိုတော်အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းပြီး စိတ်ရင်းလေးလည်းကောင်းသူတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ကောင်းသတင်းနဲ့ကျော်ကြားတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်ဟာ သူမကိုယ်တိုင်က Broken Family ကနေ ဆင်းသက်လာသူတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ အိမ်ထောင်ရေးကိုအချိန်အကြာကြီးစဉ်းစားခဲ့ပြီး သူမအပေါ် တကယ်မေတ္တာသက်ဝင်သူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် အိမ့်ချစ်တို့ ဇနီးမောင်နှံဟာ တေးအမရာလှိုင်လို့ နာမည်ပေးထားတဲ့ သမီးလေးတစ်ယောက်ကိုလည်း ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။
အိမ့်ချစ်ရဲ့ အမျိုးသားဟာ အနောက်နိုင်ငံမှာအလုပ်လုပ်ကိုင်သူတစ်ယောက်ဖြစ်တာကြောင့် အိမ့်ချစ်တို့သားအမိနဲ့ မခွဲချင်ပဲခွဲခွာနေရတဲ့ အနေအထားရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အိမ့်ချစ်ရဲ့အမျိုးသားဟာ အိမ့်ချစ်တို့သားအမိကိုတွေ့ဆုံဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိလာပြီး သမီးလေး အမရာနဲ့ မိသားစုပျော်ရွှင်စွာလျှောက်လည်နေတာကို အခုလိုပဲ တွေ့ရပါတယ်။
အိမ့်ချစ်ကတော့ သမီးလေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို အချိန်ပေးလုပ်ကိုင်နေလျက်ရှိပြီး အလုပ်တွေကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်တို့ မိသားစုရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြည်နူးမှုတွေကူးစက်ခံစားသွားမယ်လို့ ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Eint Chit’s fb