မတရားဖမ်းဆီးခြင်းခံထားရတဲ့ မေမေ့ကို အရမ်းလွမ်းနေတယ်ဆိုတဲ့ မယ်လိုဒီခေါင်ရဲ့သားလေး
The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ အဆိုတော်မလေး မယ်လိုဒီခေါင်ကတော့ သီချင်းဆိုကောင်းတဲ့အပြင် သွက်သွက်လက်လက် ရဲရဲဝံ့ဝံ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်သူဖြစ်ပေမယ့် Single Mother အဖြစ် ဘဝကို အရှုံးမပေးစတမ်းရင်ဆိုင်နေတဲ့ မယ်လိုဒီခေါင်ဟာ သူမရဲ့သားလေး အဲရစ်ကိုလည်း လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တစ်ယောက်လည်းဖြစ်ပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မယ်လိုဒီခေါင်ဟာ အခုဆိုရင် (၃) လနီးပါးအချိန်ကြာမြင့်ပြီဖြစ်ပါတယ်။ မယ်လိုဒီခေါင်ရဲ့သားလေး အဲရစ်ကလည်း သူ့ရဲ့မေမေကို အရမ်းသတိရနေတဲ့အကြောင်းကို “မေမေ့ကိုအရမ်းလွမ်းတယ် ခွဲနေရတာရက်၁၀၀ပြည့်သွားပြီ 🥺” ဆိုပြီး မယ်လိုဒီခေါင်ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ရေးသားလာပါတယ်။
မယ်လိုဒီခေါင်ကတော့ မိသားစုကို အထူးသဖြင့် သားလေးကို သတိရနေမှာ သေချာသလို မယ်လိုဒီခေါင်ရဲ့ သားလေး အဲရစ်က တည်း အရွယ်နဲ့မလိုက်အောင် ခံစားနေရတာပဲဖြစ်ပါတယ်။ မယ်လိုဒီခေါင်တို့ သားအမိနှစ်ယောက် မကြာခင်အချိန်အတွင်း အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Melody Khong ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Yolo