မတရားပြုကျင့်ခံခဲ့ရတဲ့ (၁၃) နှစ်အရွယ်မိခင်ရဲ့ သားလေးကို ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရောအချင်းပါ ပြည့်စုံသူလေး တစ်ယောက်အဖြစ် ပရိသတ် သတ်မှတ်ထားခြင်းခံရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသား တစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ပရဟိတလုပ်ငန်းတွေ အပြင် အကြောင်းအမျိုးမျိုး ကြောင့် မိဘတွေ နဲ့ ခွဲခွာရတဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ထားတဲ့ ခိုင်နှင်းဝေက အခုဆိုရင် ကလေးငယ်ပေါင်းများစွာကို ရင်အုပ်မကွာစောင့်ရှောက်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ခိုင်နှင်းဝေက အဒေါ်ရင်းရဲ့ခင်ပွန်းသည်က အဓမ္မပြုကျင့်တာကြောင့် ကိုယ်ဝန်ရသွားခဲ့တဲ့ အသက် (၁၃) နှစ်အရွယ် မိန်းကလေးရဲ့ သားလေးကို ခေါ်ယူမွေးစားခဲ့တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “ကံဆိုးရှာတဲ့ မွေးမေမေ အတွက် ပြန်လည်လုပ်ကျွေး ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းလေးဖြစ်အောင် ပြုစုပျိုးထောင်ပေးဘို့ စိတ်ကူးရင်း ချစ်စရာ တစ်ယောက် ထပ်တိုးပြန်ပါပြီရှင်..❤️❤️..” ဆိုပြီး အသိပေးလာပါတယ်။

ခိုင်နှင်းဝေကတော့ ကံဆိုးရှာတဲ့မွေးမေမေရဲ့ သားလေးကို ပြုစုစောင့်ရှောက်ဖို့ သူမရဲ့ဂေဟာမှာ ခေါ်ယူမွေးစားပေးခဲ့တာပဲဖြစ်ပါတယ်။ သားလေးလည်း ခိုင်နှင်းဝေဆုတောင်းပေးတဲ့ ဆုတွေနဲ့ တစ်လုံးတစ်ဝကြီးပြည့်စုံပါစေလို့ ထပ်မံဆုတောင်းပေးလိုက်ရပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khine Hnin Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မတရားျပဳက်င့္ခံခဲ့ရတဲ့ (၁၃) ႏွစ္အ႐ြယ္မိခင္ရဲ႕ သားေလးကို ေခၚယူေမြးစားခဲ့တဲ့ ခိုင္ႏွင္းေဝ

မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကေတာ့ အဆင္းေရာအခ်င္းပါ ျပည့္စုံသူေလး တစ္ေယာက္အျဖစ္ ပရိသတ္ သတ္မွတ္ထားျခင္းခံရသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက အႏုပညာလုပ္ငန္းေတြအျပင္ ပရဟိတအလုပ္ေတြကိုပါ ဦးေဆာင္လုပ္ကိုင္ေနတဲ့ ထက္ျမက္တဲ့ မိန္းမသား တစ္ေယာက္အျဖစ္ ရပ္တည္ေနတာမို႔ ပရိသတ္ေတြက မေလးစားပဲနဲ႔ကို မေနႏိုင္ပါဘူး။ ပရဟိတလုပ္ငန္းေတြ အျပင္ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ မိဘေတြ နဲ႔ ခြဲခြာရတဲ့ ကေလးေတြကိုလည္း ေစာင့္ေရွာက္ထားတဲ့ ခိုင္ႏွင္းေဝက အခုဆိုရင္ ကေလးငယ္ေပါင္းမ်ားစြာကို ရင္အုပ္မကြာေစာင့္ေရွာက္ထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။

ဒီကေန႔မွာလည္း ခိုင္ႏွင္းေဝက အေဒၚရင္းရဲ႕ခင္ပြန္းသည္က အဓမၼျပဳက်င့္တာေၾကာင့္ ကိုယ္ဝန္ရသြားခဲ့တဲ့ အသက္ (၁၃) ႏွစ္အ႐ြယ္ မိန္းကေလးရဲ႕ သားေလးကို ေခၚယူေမြးစားခဲ့တယ္လို႔ သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ “ကံဆိုးရွာတဲ့ ေမြးေမေမ အတြက္ ျပန္လည္လုပ္ေကြၽး ေက်းဇူးဆပ္ႏိုင္တဲ့ သားေကာင္းေလးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးဘို႔ စိတ္ကူးရင္း ခ်စ္စရာ တစ္ေယာက္ ထပ္တိုးျပန္ပါၿပီရွင္..❤️❤️..” ဆိုၿပီး အသိေပးလာပါတယ္။

ခိုင္ႏွင္းေဝကေတာ့ ကံဆိုးရွာတဲ့ေမြးေမေမရဲ႕ သားေလးကို ျပဳစုေစာင့္ေရွာက္ဖို႔ သူမရဲ႕ေဂဟာမွာ ေခၚယူေမြးစားေပးခဲ့တာပဲျဖစ္ပါတယ္။ သားေလးလည္း ခိုင္ႏွင္းေဝဆုေတာင္းေပးတဲ့ ဆုေတြနဲ႔ တစ္လုံးတစ္ဝႀကီးျပည့္စုံပါေစလို႔ ထပ္မံဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Khine Hnin Wai’s fb

error: Alert: Content is protected !!