ရဲနောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများကျော်ကြားလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းခဲ့တဲ့ ရဲနောင်ဟာ ပရိသတ်အားပေးမှုကိုရရှိနေပြီဖြစ်ပြီး အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်းက ချစ်ရသူနဲ့ ပုပ္ပါးမြေမှာ မင်္ဂလာလက်မှတ်ထိုးလက်ထပ်ခဲ့တဲ့ ရဲနောင်ဟာ မနေ့က မေလ (၇) နေ့မှာလည်း ဇနီးသည်ရဲ့ ဇာတိမြေ မူဆယ်မြို့မှာ မင်္ဂလာဧည့်ခံပွဲ ထပ်မံကျင်းပခဲ့ပါတယ်။ ရဲနောင်တို့ ဇနီးမောင်နှံဟာ မူဆယ်မြို့က ရွှေနဂါးခန်းမမှာ နှစ်ဖက်မိဘ၊ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ပါတယ်။

ရဲနောင်တို့ ဇနီးမောင်နှံကတော့ မင်္ဂလာလက်မှတ်ထိုးပြီး တစ်နှစ်ကျော်ကြာမှ မင်္ဂလာဧည့်ခံပွဲကို ထပ်မံပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲနောင်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာနေ့လေးအတွက် ဝမ်းသာဂုဏ်ပြုစကားတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Ye Naung ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မင်္ဂလာလက်မှတ်ထိုးပြီး တစ်နှစ်ကျော်အကြာမှ ချစ်ဇနီးရဲ့ဇာတိမြေမူဆယ်မြို့မှာ မင်္ဂလာဧည့်ခံပွဲထပ်မံကျင်းပခဲ့တဲ့ ရဲနောင်





Yolo
Source: Ye Naung ‘s fb

error: Alert: Content is protected !!