ရဲနောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများကျော်ကြားလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ပေမယ့် ဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းခဲ့တဲ့ ရဲနောင်ဟာ ပရိသတ်အားပေးမှုကိုရရှိနေပြီဖြစ်ပြီး အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လက မင်္ဂလာလက်မှတ်ထိုးပြီး လက်ထပ်ခဲ့တဲ့ ရဲနောင်ဟာ ပြီးခဲ့တဲ့ မေလ (၇) ရက်နေ့မှာတော့ အမျိုးသမီးရဲ့ မိဘဆွေမျိုးတွေရှိရာ မူဆယ်မြို့မှာ မင်္ဂလာဧည့်ခံပွဲကျင်းပခဲ့ပါတယ်။ ရဲနောင်က သူ့ရဲ့မင်္ဂလာပွဲမှာ သူ့ရဲ့အမျိုးသမီးကို ဘယ်လောက်တန်ဖိုးထားပြီး ဘယ်လောက်ဂရုစိုက်သွားမယ့်အကြောင်းတွေကိုပြောရင်း မျက်ရည်တွေကျလာခဲ့တာမို့ စကားတောင် ဆက်မပြောနိုင်ခဲ့တာကို တွေ့ရပါတယ်။

ရဲနောင်ကတော့ သူ့ရဲ့ချစ်ဇနီးလေးကို ဘယ်လောက်ချစ်ကြောင်းပြောရင်း လူတွေရာချီရှိတဲ့ ခန်းမကြီးထဲမှာ မျက်ရည်တွေကျလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲနောင်ရဲ့ ဗီဒီယိုလေးကိုကြည်ပြီး အားကျကြည်နူးနေကြမယ်ဆိုတာ အသေအချာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Rose Linn Win’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မင်္ဂလာပွဲမှာ သတို့သမီးလေးကိုကြည့်ကာ ကတိစကားတွေပြောနေရင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့ ရဲနောင်





Yolo

error: Alert: Content is protected !!