မငျ်ဂလာနှဈပတျလညျ (၂၂) နှဈပွည့ျနေ့မှာ ခရစတ်တီးနားခီကို ပကာသနတှမေပါပဲ Surprise လုပျခဲ့တဲ့ ဇာဏျခီ
Source: Zenn Kyi ‘s fb
မင်္ဂလာနှစ်ပတ်လည် (၂၂) နှစ်ပြည့်နေ့မှာ ခရစတ္တီးနားခီကို ပကာသနတွေမပါပဲ Surprise လုပ်ခဲ့တဲ့ ဇာဏ်ခီ
ဘိုဆန်တဲ့မျက်နှာနဲ့ အမျိုးသမီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော ဇာဏ်ခီက “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်မှုရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာဏ်ခီရဲ့ အမျိုးသမီးဖြစ်တဲ့ ခရစ္စတီးနားခီကလည်း အရည်အသွေးပြည့်ဝတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ အနုပညာလောကမှာ နာမည်ကြီးတဲ့ ဇနီးမောင်နှံတွေအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ (၁၃) ရက်နေ့ကတော့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၂၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ဇာဏ်ခီကတော့ ချစ်ဇနီးခရစ္စတီးနားခီအတွက် ရိုးရိုးရှင်းရှင်း ပန်းစည်းလေးတစ်စည်း လက်ဆောင်ပေးခဲ့ပြီး “ဒီနေ့ကျနော်တို့ annie နဲ့ မဲပိတ်တဲ့ရက်နဲ့တိုက်နေတော့ ဘာမှ celebrate မလုပ်နိုင်ကြဘူး။ ဒါကြောင့်ကျနော်တိတ်တိတ်လေးစီစဉ်ပြီး surprise အသေးစားလေးတော့ရအောင်တိုက်လိုက်ပါတယ်။ 🥳😄❤️” ဆိုပြီး သူတို့ရဲ့ ပျော်စရာအခိုက်အတံ့လေးကို ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။
ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ဇနီးမောင်နှံကတော့ အရင်ကတည်းက ပကာသနကို မမက်မောကြသူများဖြစ်ပြီး သူတို့ရဲ့အရေးပါတဲ့ နေ့ရက်တွေကိုလည်း မိသားစုနဲ့သာ ရိုးရိုးရှင်းရှင်းဖြတ်သန်းတတ်ကြသူတွေဖြစ်ပါတယ်။ ခီမောင်နှံ မင်္ဂလာသက်တမ်း (၂၂) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ထာဝရချစ်သွားနိုင်ပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Zenn Kyi ‘s fb