မင်းသမီးသုံးယောက်စလုံးကို တပြိုင်နက်တည်းဖက်မိတာကြောင့် ပရိသတ်တွေ နာမည်ပြောင်ပေးခံနေရတဲ့ ကျော်ထက်ဇော်
ချစ်စရာကောင်းပြီး ချိုသာတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသားချော ကျော်ထက်ဇော်ကတော့ လူကြီးလူငယ်မရွေး ပရိသတ်တွေအားလုံးရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတာပဲဖြစ်ပါတယ်။ ကျော်ထက်ဇော်ဟာ လတ်တလောထုတ်လွှင့်ပြသပြီးခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း ကိုနိုင်လင်း ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရရှိထားသူဆိုရင်လည်း မမှားပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်နေ့မှာတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းအမှတ်တရအနေနဲ့ သရုပ်ဆောင်တွေအားလုံး နှုတ်ဆက်ညစာစားပွဲလေး ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ထိုပွဲမှာ သရုပ်ဆောင်တွေအားလုံး အမှတ်တရဓာတ်ပုံရိုက်ပြီးချိန်မှာတော့ ကျော်ထက်ဇော်ဟာ နန်းစန္ဒာလှထွန်း၊ ဆုထက်လှိုင်နဲ့ ဆက်ယွန်းတွယ်တာတို့ သုံးယောက်စလုံးကို တစ်ပြိုင်နက်တည်းဖက်ခဲ့တဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြား ပျံ့နှံ့နေပြီး ပရိသတ်တွေက “ဇာတ်လမ်းပြီးပြီလေ ကိုနှိုက်မြည်းရဲ့🥲” ဆိုပြီး ကျော်ထက်ဇော်ကို ကိုနှိုက်မြည်းလို့ နာမည်ပြောင်လေးပေးကာ စနောက်ခဲ့ပါတယ်။
ကျော်ထက်ဇော်ကလည်း ပရိသတ်တွေ စနောက်ကြတဲ့ ကိုနှိုက်မြည်းဆိုတဲ့ နာမည်လေးကို စိတ်မဆိုးတဲ့အပြင် “ဟဲ့ …..အော်ငါဆိုသည်မှာလဲ🫢🤭 တစ်ခါတစ်လေလေး ဖက်လိုက်မိပါတယ် တန်းမြင်ကြတာနော်🫣🫣” ဆိုပြီး ပြန်လည်အရွှန်းဖောက်ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ကျော်ထက်ဇော်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Kyaw Htet Zaw ‘s fb