မင်းသမီးမလုပ်ပဲ သတင်းထောက်လုပ်သင့်တယ်လို့ သူငယ်ချင်းတွေက ဝိုင်းစကြတဲ့အထိ စူးစမ်းတတ်တဲ့အကျင့်လေးကို ပြောပြလာတဲ့ ခင်သဇင်

သရုပ်ဆောင် မင်းသမီး ခင်သဇင်ကတော့ လေယာဉ်မယ်တစ်ယောက်အဖြစ်ကနေ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း MV မှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်းကောင်းမွန်တဲ့ ခင်သဇင်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှု တွေကြောင့်သာမကပဲ ကိုယ်ကျိုးမဖက် အများအကျိုးကို သယ်ပိုးတတ်တာကြောင့်လည်း ပရိသတ်ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင် ခင်သဇင်ကလည်း အနုပညာအလုပ်တွေ ကိုလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း သူမလက်လှမ်းမှီသလောက် ကုသိုလ်ရေးတွေကို အမြဲမပြတ်ပြုလုပ်နေတဲ့ လူငယ်တစ်ယောက်ပါပဲ။

အရာရာကို စူးစမ်းတတ်ပြီး သိချင်စိတ်ပြင်းပြတဲ့ ခင်သဇင်ဟာ ဒီကနေ့မှာလည်း သူမလမ်းသွားရင်းတွေ့ရတဲ့ အဖြစ်အပျက်လေးကို ပြသရင်း “အဲတာကြောင့် သူငယ်ချင်းတွေက ပြောတာ နင်က မင်းသမီး မလုပ်ရဘူး သတင်းထောက်လုပ်ရမှာတဲ့။ ကြည့်ပါဦး ကြောင်လေး အစက ကြောက်နေတာ သနားစရာ ပြီးတော့ ချစ်စရာလေး🥹 အားလုံးလည်း ချစ်မယ် ထင်လို့ ခင်သဇင် တင်ပေးလိုက်တယ်နော်။ ” ဆိုပြီး ခွေးလေးကိုကြောက်လို့ ဓာတ်တိုင်ပေါ်တွယ်တက်နေတဲ့ ကြောင်လေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ခင်သဇင်ကတော့ ကြင်နာတတ်ပြီး စာနာတတ်သူတစ်ယောက်ပီပီ လမ်းပေါ်သွားရင်းလာရင်းတွေ့ရတဲ့ ခွေးလေး၊ ကြောင်လေးတွေကို ဗီဒီယိုလေးရိုက်ပြီး ပရိသတ်တွေကိုလည်း ပြသလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khin Thazin’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!