မင်းသမီးဖြစ်တဲ့ အဒေါ်တောင်လိုက်မမှီနိုင်တဲ့အထိ အိုက်တင်ကောင်းလွန်းတဲ့ တူမလေးကို ထုတ်ကြွားလာတဲ့ ခြူးလေး
သရုပ်ဆောင်ခြူးလေးကတော့ MRTV 4 ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ခြူလေးက အခုဆိုရင် MRTV ရဲ့ Forever Group နဲ့ စာချုပ်ဆက်လက်ချုပ်ဆိုခြင်းမရှိပဲ သူမတစ်ယောက်တည်း သီးသန့် အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခြူးလေးက ကြော်ငြာ၊ ဓာတ်ပုံရိုက်နဲ့ အခြားသောအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်သလို တဖက်မှာလည်း မိသားစုတွေကို အချိန်ပေးဖို့ မမေ့လျော့တဲ့ ခြူးလေးဟာ အထူးသဖြင့် တူမရဲ့ တစ်ဦးတည်းသောတူမလေးနဲ့ အမြဲတမ်းအတူတူရှိတတ်သူပါ။ ဒီတစ်ခေါက်မှာလည်း ခြူးလေးက အိုက်တင်ကောင်းပြီး အဒေါ်ထက်သာတဲ့ တူမလေးရဲ့ ဓာတ်ပုံကို “သူမရဘူး …. post တွေ acting တွေ အကုန်လိုက်မှတ်ထားတာ 🥰😘” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ခြူးလေးရဲ့တူမလေးကတော့ အဒေါ်ဖြစ်သူလုပ်သမျှအိုက်တင်တွေကို အကုန်မှတ်ထားပြီး ပုံစံတူလုပ်ပြတာ အရမ်းကိုချစ်စရာကောင်းတာပဲနော်။ ခြူးလေးရဲ့တူမလေးလည်း ကြီးလာရင် အဒေါ်လိုပဲ မင်းသမီးတစ်ယောက်ဖြစ်မလားဆိုတာ စောင့်ကြည့်ရမယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chue Chue’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
မင္းသမီးျဖစ္တဲ့ အေဒၚေတာင္လိုက္မမွီႏိုင္တဲ့အထိ အိုက္တင္ေကာင္းလြန္းတဲ့ တူမေလးကို ထုတ္ႂကြားလာတဲ့ ျခဴးေလး
သ႐ုပ္ေဆာင္ျခဴးေလးကေတာ့ MRTV 4 ဇာတ္လမ္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ႕ အားေပးမႈကိုရရွိထားသူျဖစ္ပါတယ္။ ျခဴေလးက အခုဆိုရင္ MRTV ရဲ႕ Forever Group နဲ႔ စာခ်ဳပ္ဆက္လက္ခ်ဳပ္ဆိုျခင္းမရွိပဲ သူမတစ္ေယာက္တည္း သီးသန႔္ အႏုပညာအလုပ္ေတြ ဆက္လက္လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာလည္း ျခဴးေလးက ေၾကာ္ျငာ၊ ဓာတ္ပုံ႐ိုက္နဲ႔ အျခားေသာအႏုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနလ်က္ရွိတာပဲျဖစ္ပါတယ္။
အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္သလို တဖက္မွာလည္း မိသားစုေတြကို အခ်ိန္ေပးဖို႔ မေမ့ေလ်ာ့တဲ့ ျခဴးေလးဟာ အထူးသျဖင့္ တူမရဲ႕ တစ္ဦးတည္းေသာတူမေလးနဲ႔ အၿမဲတမ္းအတူတူရွိတတ္သူပါ။ ဒီတစ္ေခါက္မွာလည္း ျခဴးေလးက အိုက္တင္ေကာင္းၿပီး အေဒၚထက္သာတဲ့ တူမေလးရဲ႕ ဓာတ္ပုံကို “သူမရဘူး …. post ေတြ acting ေတြ အကုန္လိုက္မွတ္ထားတာ 🥰😘” ဆိုျပီး သူမရဲ့ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာပါတယ္။
ျခဴးေလးရဲ့တူမေလးကေတာ့ အေဒၚျဖစ္သူလုပ္သမွ်အိုက္တင္ေတြကို အကုန္မွတ္ထားျပီး ပံုစံတူလုပ္ျပတာ အရမ္းကိုခ်စ္စရာေကာင္းတာပဲေနာ္။ ျခဴးေလးရဲ့တူမေလးလည္း ၾကီးလာရင္ အေဒၚလိုပဲ မင္းသမီးတစ္ေယာက္ျဖစ္မလားဆိုတာ ေစာင့္ၾကည့္ရမယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Chue Chue’s fb