မခွဲချင်ပေမယ့်လည်း သားနဲ့သမီးကို သာသနာ့ဘောင်မှာ အပြီးတိုင်အပ်နှင်းလိုက်ပြီဆိုတဲ့ မနော
မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုသူ မနောကတော့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ မနောက မြန်မာသံစဉ်တေးသံရှင်ပီပီ မြန်မာမှုကိုမြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဘာသာရေးကိုလည်း အတော်လေးယုံကြည်လုပ်ကိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မနောက သူ့ရဲ့သားနဲ့သမီးကို သာသနာ့ဘောင်ထဲကို အပြီးတိုင်အပ်နှင်းလိုက်ပြီလို့ အခုလိုပဲပြောလာပါတယ်။
“သမီးလေး မေကြေးမုံ နှင့် သားလေး ဘုန်းပြည့်စုံ 🙏သာသနာ့ဘောင်မှာ အပြီးအပ်နှင်းလိုက်ပြီ🙏 မိဘတိုင်း သားသမီးများနှင့် ဘယ်ခွဲချင်ပါ့မလဲ✍️ သိပ်ကိုပင်ပန်းကြမှာပါ✍️ အမှန်တကယ် မေတ္တာအစစ်နဲ့ ပေးဆပ်ချစ်နိုင်ဖို့တော့လိုပါတယ်🙏 ဒီဘဝအတွက်လောက်ပဲ ချမ်းသာခြင်းကိုပေးတာမဟုတ်ပါ။ သူတို့လေးတွေကို တန်ဖိုးထားသလို လေးစားဦးညွှတ်ပါတယ် 🙏 ယခင် နှင့် ယခု ဘဝတွေက ကျနော်တို့မိဘနှစ်ပါးရဲ့ ဖန်တီးခဲ့သော အကြောင်းများကြောင့် ယခုဘဝမှာ သားလေးသမီးလေးတွေဆိုတဲ့ အကျိုးတရားတွေ သမုဒယတွေရရှိခဲ့ရပြီပေါ့ နောင်ဘဝဆိုတာကြီးကိုပြန်မရစေဖို့ အကြောင်းတွေ မဖန်တီးဖြစ်အောင် ပြုလုပ်ရခြင်းသာဖြစ်ပါတယ် 🙏 ခန္ဓာရခြင်းဟာ ဒုက္ခရခြင်းအတိဖြစ်ပါ၍ သမုဒယသစ္စာကိုအရှင်းသားကြီးမြင်နိုင်မှာဖြစ်ပါတယ် 🙏 ဤကုသိုလ်များကြောင့် အားလုံးသော လူနတ်ဗြဟ္မာသတ္တဝါအပေါင်း ထပ်တူရပါစေခင်ဗျာ 🙏 အများအမြင် 🙏ကိုယ်ချင်းမစာသူကြီး မောင်မနော 🙏” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။
မနောကတော့ သူ့ရဲ့အချစ်ဆုံး သားနဲ့သမီးကို နောင်ဘဝဆိုတဲ့ သံသရာခရီးမှာ တစ်ပတ်မလည်စေချင်တဲ့အတွက် အခုလိုပြုလုပ်ရခြင်းဖြစ်တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဖခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ မနောရဲ့သားနဲ့သမီးဟာလည်း လိမ္မာရေးခြားရှိလွန်းတယ်လို့ ဆိုနိုင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: မနော Manaaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
မခြဲခ်င္ေပမယ့္လည္း သားနဲ႔သမီးကို သာသနာ့ေဘာင္မွာ အၿပီးတိုင္အပ္ႏွင္းလိုက္ၿပီဆိုတဲ့ မေနာ
ျမန္မာသံစဥ္ေတးသီခ်င္းေတြကို သီဆိုသူ မေနာကေတာ့ ပရိသတ္ေတြရဲ႕ ႀကိဳက္ႏွစ္သက္အားေပးမႈကို အခိုင္အမာရရွိထားသူတစ္ေယာက္ပဲျဖစ္ပါတယ္။ မေနာက ျမန္မာသံစဥ္ေတးသံရွင္ပီပီ ျမန္မာမႈကိုျမတ္ႏိုးသူတစ္ေယာက္ျဖစ္ၿပီး ဘာသာေရးကိုလည္း အေတာ္ေလးယုံၾကည္လုပ္ကိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း မေနာက သူ႔ရဲ႕သားနဲ႔သမီးကို သာသနာ့ေဘာင္ထဲကို အၿပီးတိုင္အပ္ႏွင္းလိုက္ၿပီလို႔ အခုလိုပဲေျပာလာပါတယ္။
“သမီးေလး ေမေၾကးမုံ ႏွင့္ သားေလး ဘုန္းျပည့္စုံ 🙏သာသနာ့ေဘာင္မွာ အၿပီးအပ္ႏွင္းလိုက္ၿပီ🙏 မိဘတိုင္း သားသမီးမ်ားႏွင့္ ဘယ္ခြဲခ်င္ပါ့မလဲ✍️
သိပ္ကိုပင္ပန္းၾကမွာပါ✍️ အမွန္တကယ္ ေမတၱာအစစ္နဲ႔ ေပးဆပ္ခ်စ္ႏိုင္ဖို႔ေတာ့လိုပါတယ္🙏 ဒီဘဝအတြက္ေလာက္ပဲ ခ်မ္းသာျခင္းကိုေပးတာမဟုတ္ပါ။ သူတို႔ေလးေတြကို တန္ဖိုးထားသလို ေလးစားဦးၫႊတ္ပါတယ္ 🙏 ယခင္ ႏွင့္ ယခု ဘဝေတြက က်ေနာ္တို႔မိဘႏွစ္ပါးရဲ႕ ဖန္တီးခဲ့ေသာ အေၾကာင္းမ်ားေၾကာင့္ ယခုဘဝမွာ သားေလးသမီးေလးေတြဆိုတဲ့ အက်ိဳးတရားေတြ သမုဒယေတြရရွိခဲ့ရၿပီေပါ့ ေနာင္ဘဝဆိုတာႀကီးကိုျပန္မရေစဖို႔ အေၾကာင္းေတြ မဖန္တီးျဖစ္ေအာင္ ျပဳလုပ္ရျခင္းသာျဖစ္ပါတယ္ 🙏 ခႏၶာရျခင္းဟာ ဒုကၡရျခင္းအတိျဖစ္ပါ၍ သမုဒယသစၥာကိုအရွင္းသားႀကီးျမင္ႏိုင္မွာျဖစ္ပါတယ္ 🙏 ဤကုသိုလ္မ်ားေၾကာင့္ အားလုံးေသာ လူနတ္ျဗဟၼာသတၱဝါအေပါင္း ထပ္တူရပါေစခင္ဗ်ာ 🙏 အမ်ားအျမင္ 🙏ကိုယ္ခ်င္းမစာသူႀကီး ေမာင္မေနာ 🙏” ဆိုျပီး သူ့ရဲ့ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာလာတာပဲျဖစ္ပါတယ္။
မေနာကေတာ့ သူ့ရဲ့အခ်စ္ဆံုး သားနဲ့သမီးကို ေနာင္ဘဝဆိုတဲ့ သံသရာခရီးမွာ တစ္ပတ္မလည္ေစခ်င္တဲ့အတြက္ အခုလိုျပဳလုပ္ရျခင္းျဖစ္တယ္လို့ ေျပာလာတာပဲျဖစ္ပါတယ္။ ဖခင္ရဲ့ဆႏၵကို ျဖည့္ဆည္းေပးခဲ့တဲ့ မေနာရဲ့သားနဲ့သမီးဟာလည္း လိမၼာေရးျခားရိွလြန္းတယ္လို့ ဆိုနိုင္ပါတယ္ေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: မေနာ Manaaw ‘s fb