မကွယ်လွန်ခင်အချိန်ကတည်းက ကျန်ရစ်ခဲ့မယ့် သားသမီးသုံးယောက်ရဲ့ရှေ့ရေးအတွက်ကြိုတင်ပြီးစီစဉ်ပေးခဲ့တယ်ဆိုတဲ့ မာသထူးဝါးရဲ့ မိခင်

ဖိုးမူကြီးလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်မလေး မာသထူးဝါးကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက ဘဝရဲ့လောကဓံတွေကို ရင်ဆိုင်ခဲ့ရသူလေးဖြစ်ပါတယ်။ ကလေးအရွယ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး မိခင်နဲ့ တိုင်းတစ်ပါးမှာ ကြိုးစားရပ်တည်ခဲ့ရတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမရဲ့မိခင်ကို ထပ်မံဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တဲ့ မာသထူးဝါးတို့ မောင်နှမသုံးယောက်ရဲ့ရှေ့ရေးအတွက် မာသထူးဝါးရဲ့မေမေက စီစဉ်ပေးခဲ့သလို ဆွေမျိုးမိတ်ဆွေတွေကလည်း ဝိုင်းဝန်းကြည့်ရှုပေးမယ့်အကြောင်းကို ဖိုးမူကြီးမေမေရဲ့ သူငယ်ချင်း မေရီနွမ်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ အသိပေးခဲ့ပါတယ်။

“ကွယ်လွန်သူ မမိုင်ရဲ့ ညီမအငယ်ဆုံး မမွန် ၃ ပတ်ခွင့်ရက်ပြည့်ပြီမို့ ကိုးရီးယားမှဩဇီကိုဒီနေ့ပြန်သွားပါပြီရှင် 😢 ကလေးတွေငယ်စဉ်ကတည်းက ထိုင်းမှာ ဒီအဒေါ်ရဲ့လက်ထဲကြီးလာကြတာမို့ ၆ နှစ်ခွဲခွါခဲ့ကြပေမယ့် မြင်မြင်ချင်းချစ်ပြီးအရမ်းတွယ်တာကြတယ်လေ 😍
တီတီလေးပြုံးရင် အမိုး (အမေ့) မျက်နှာနှင့်တူလို့ဆိုပြီး ကလေးတွေကရှုမဝ၊ ချွဲမဝ၊ သူ့အန်တီလေးကို ချစ်မဝဖြစ်နေကြတယ် 😍 တီတီမွန်က ၃ ပတ်သာခွင့်ရပေမယ့် အဖိုးကတော့ ၃ လနေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သွက်သွက်လက်လက် အဒေါ်အလတ် တီတီမွတ် ရယ်၊ သူ့သမီး ၂ ယောက်နှင့် မမိုင်ကလေး ၂ ယောက်ဟာ ဘူချွန်းမြို့ ဆိုဆာရပ်ကွက် (မေရီနွမ်တို့ရပ်ကွက်)မှာ နေထိုင်ကြပါတယ်။ ”

“အလည်ဗီဇာ ၃ လပြည့်လို့ အဖိုးပြန်သွားရင် အဖွါးလာဖို့ပြင်ဆင်နေပါတယ်။ ကလေးတွေ သူတို့ဆီ မရောက်မချင်း ဖိုးဖိုး ဖွါးဖွါးက အလှည့်ကျလာနေပေးကြပါလိမ့်မယ် 👨🏼‍🦳👵🏼 မမိုင်ရဲ့ဆန္ဒအတိုင်း နော်မာသလေးကတော့ ကိုးရီးယားမှာ အထက်တန်းကာလ ကျောင်းအဆောင်နေမယ်၊ ပညာဆက်သင်ရင်း အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားပါလိမ့်မယ်။ သား ၂ ယောက်ကတော့ အဖိုးအဖွါးအဒေါ်တို့ရှိရာ Australia ကိုသွားဖို့ပြင်ဆင်နေပါတယ်။ ကျောင်းပြောင်းရေး၊ မိသားစုလွှဲပြောင်းရေးစာရွက်စာတမ်းကိစ္စတွေက ၁ နှစ်မှ ၄ နှစ်ခန့်ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပြပါတယ်။ ကိစ္စတွေက ထင်သလောက်မလွယ်ကူလှပါဘူး။ ကလေးတွေကို ချစ်ပေးကြသူ၊ စိတ်ဝင်စားပေးကြသူ၊ သတင်းမေးမြန်းကြသူ၊ ကူညီပေးကြသူ၊ ဆုတောင်းမေတ္တာပေးပို့နေကြသူ ကိုကို မမ ဦးဦးဒေါ်ဒေါ်တွေအားလုံးသို့ သိသင့်တဲ့သတင်းပေးရင်း၊ သူတို့တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ရှင် 💕” ဆိုပြီး အသိပေးလာတာပဲဖြစ်ပါတယ်။

မာသထူးဝါးလေးကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်း ကိုရီးယားမှာပဲနေပြီး အဆောင်နေကာ ကျောင်းဆက်တက်ဖို့ရှိပြီး မာသထူးဝါးလေးရဲ့မောင်နှစ်ယောက်ကတော့ အဖိုး၊ အဖွားနဲ့ အဒေါ်တို့ရှိရာ သြစတေးလျမှာနေပြီး ကျောင်းဆက်တက်မယ်လို့ သိရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Mary Nuam’s fb

မကွယ်လွန်ခင်အချိန်ကတည်းက ကျန်ရစ်ခဲ့မယ့် သားသမီးသုံးယောက်ရဲ့ရှေ့ရေးအတွက်ကြိုတင်ပြီးစီစဉ်ပေးခဲ့တယ်ဆိုတဲ့ မာသထူးဝါးရဲ့ မိခင်

ဖိုးမူကြီးလို့ ပရိသတ်တွေကချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်မလေး မာသထူးဝါးကတော့ ငယ်ရွယ်စဉ်အချိန်ကတည်းက ဘဝရဲ့လောကဓံတွေကို ရင်ဆိုင်ခဲ့ရသူလေးဖြစ်ပါတယ်။ ကလေးအရွယ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရပြီး မိခင်နဲ့ တိုင်းတစ်ပါးမှာ ကြိုးစားရပ်တည်ခဲ့ရတဲ့ မာသထူးဝါးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူမရဲ့မိခင်ကို ထပ်မံဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ အရွယ်မရောက်သေးပဲ ကျန်ရစ်ခဲ့တဲ့ မာသထူးဝါးတို့ မောင်နှမသုံးယောက်ရဲ့ရှေ့ရေးအတွက် မာသထူးဝါးရဲ့မေမေက စီစဉ်ပေးခဲ့သလို ဆွေမျိုးမိတ်ဆွေတွေကလည်း ဝိုင်းဝန်းကြည့်ရှုပေးမယ့်အကြောင်းကို ဖိုးမူကြီးမေမေရဲ့ သူငယ်ချင်း မေရီနွမ်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ အသိပေးခဲ့ပါတယ်။

“ကွယ်လွန်သူ မမိုင်ရဲ့ ညီမအငယ်ဆုံး မမွန် ၃ ပတ်ခွင့်ရက်ပြည့်ပြီမို့ ကိုးရီးယားမှဩဇီကိုဒီနေ့ပြန်သွားပါပြီရှင် 😢 ကလေးတွေငယ်စဉ်ကတည်းက ထိုင်းမှာ ဒီအဒေါ်ရဲ့လက်ထဲကြီးလာကြတာမို့ ၆ နှစ်ခွဲခွါခဲ့ကြပေမယ့် မြင်မြင်ချင်းချစ်ပြီးအရမ်းတွယ်တာကြတယ်လေ 😍
တီတီလေးပြုံးရင် အမိုး (အမေ့) မျက်နှာနှင့်တူလို့ဆိုပြီး ကလေးတွေကရှုမဝ၊ ချွဲမဝ၊ သူ့အန်တီလေးကို ချစ်မဝဖြစ်နေကြတယ် 😍 တီတီမွန်က ၃ ပတ်သာခွင့်ရပေမယ့် အဖိုးကတော့ ၃ လနေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သွက်သွက်လက်လက် အဒေါ်အလတ် တီတီမွတ် ရယ်၊ သူ့သမီး ၂ ယောက်နှင့် မမိုင်ကလေး ၂ ယောက်ဟာ ဘူချွန်းမြို့ ဆိုဆာရပ်ကွက် (မေရီနွမ်တို့ရပ်ကွက်)မှာ နေထိုင်ကြပါတယ်။ ”

“အလည်ဗီဇာ ၃ လပြည့်လို့ အဖိုးပြန်သွားရင် အဖွါးလာဖို့ပြင်ဆင်နေပါတယ်။ ကလေးတွေ သူတို့ဆီ မရောက်မချင်း ဖိုးဖိုး ဖွါးဖွါးက အလှည့်ကျလာနေပေးကြပါလိမ့်မယ် 👨🏼‍🦳👵🏼 မမိုင်ရဲ့ဆန္ဒအတိုင်း နော်မာသလေးကတော့ ကိုးရီးယားမှာ အထက်တန်းကာလ ကျောင်းအဆောင်နေမယ်၊ ပညာဆက်သင်ရင်း အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားပါလိမ့်မယ်။ သား ၂ ယောက်ကတော့ အဖိုးအဖွါးအဒေါ်တို့ရှိရာ Australia ကိုသွားဖို့ပြင်ဆင်နေပါတယ်။ကျောင်းပြောင်းရေး၊ မိသားစုလွှဲပြောင်းရေးစာရွက်စာတမ်းကိစ္စတွေက ၁ နှစ်မှ ၄ နှစ်ခန့်ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပြပါတယ်။ ကိစ္စတွေက ထင်သလောက်မလွယ်ကူလှပါဘူး။ ကလေးတွေကို ချစ်ပေးကြသူ၊ စိတ်ဝင်စားပေးကြသူ၊ သတင်းမေးမြန်းကြသူ၊ ကူညီပေးကြသူ၊ ဆုတောင်းမေတ္တာပေးပို့နေကြသူ ကိုကို မမ ဦးဦးဒေါ်ဒေါ်တွေအားလုံးသို့ သိသင့်တဲ့သတင်းပေးရင်း၊ သူတို့တွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ရှင် 💕” ဆိုပြီး အသိပေးလာတာပဲဖြစ်ပါတယ်။

မာသထူးဝါးလေးကတော့ မိခင်ဖြစ်သူရဲ့ဆန္ဒအတိုင်း ကိုရီးယားမှာပဲနေပြီး အဆောင်နေကာ ကျောင်းဆက်တက်ဖို့ရှိပြီး မာသထူးဝါးလေးရဲ့မောင်နှစ်ယောက်ကတော့ အဖိုး၊ အဖွားနဲ့ အဒေါ်တို့ရှိရာ သြစတေးလျမှာနေပြီး ကျောင်းဆက်တက်မယ်လို့ သိရပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Mary Nuam’s fb

error: Alert: Content is protected !!