“မကြေးစည်” ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ရွှေကြေးစည်စေတီမှာ မုန့်ဟင်းခါးအချိန် (၁၀၀) လှူဒါန်းခဲ့တဲ့ ကံပွင့်
ပြီးခဲ့တဲ့လပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “မကြေးစည်” ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့အားပေးမှုများစွာကိုရရှိခဲ့ပြီး အောင်မြင်စွာဇာတ်သိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ “မကြေးစည်” ဇာတ်လမ်းတွဲကြီးသာ အောင်မြင်ခဲ့ရုံသာမက ဇာတ်လမ်းထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ချီးကျူးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အထူးသဖြင့် “မကြေးစည်” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ပို့သရုပ်ဆောင် အရူးပေါက်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကံပွင့်ဟာလည်း ပရိသတ်တွေနဲ့တကွ အနုပညာအသိုင်းအဝိုင်းကပါ ချီးကျူးခံခဲ့ရပါတယ်။
အရူးပေါက်ကြီးအဖြစ် အောင်မြင်မှုရရှိခဲ့တဲ့ ကံပွင့်ဟာ သူ့ရဲ့အရူးပေါက်ကြီး ဖြစ်တည်ရာ “မကြေးစည်” ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ရွှေကြေးစည်စေတီမှာ အလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ကံပွင့်က “*ရွှေကြေးစည်စေတီတော်မှာလှူတဲ့မုန့်ဟင်းခါး အချိန်၁၀၀စတုဒီသာအလှူပွဲ*” ဆိုပြီး သူ့ရဲ့ အလှူပွဲက ပုံရိပ်တွေကို မျှဝေပေးလာခဲ့ပါတယ်။
မကြေးစည် ဇာတ်လမ်းတွဲကတော့ ဇာတ်ကားပြီးဆုံးသွားသည့်တိုင်အောင် ပရိသတ်တွေရင်ထဲ စွဲကျန်ရစ်နေဆဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရူးပေါက်ကြီးရဲ့ အလှူလေးကိုကြည့်ပြီး ပီတိဖြစ်ဝမ်းသာနေမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ko Kan Pwint’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Ko Kan Pwint’s fb