မကြာခင် အိမ်ထောင်ရှင်မဖြစ်တော့မယ့် ခေးဆက်သွင်အတွက် Surprise Bridal Shower ပွဲလေးစီစဉ်ပေးခဲ့ကြတဲ့ ခြူးလေးနဲ့ နန်းစန္ဒာလှထွန်း

MRTV 4 သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခေးဆက်သွင်ကတော့ အနုပညာလောကထဲမှာ ကျင်လည်ဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုတိုင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ လူပေါင်းစုံနဲ့ သင့်တင့်မျှတစွာနေထိုင်ခဲ့တာကြောင့် လူချစ်လူခင်ပေါများပြီး အပေါင်းအသင်းမိတ်ဆွေပေါများတဲ့သူတစ်ယောက်ပါပဲ။ ခေးဆက်သွင်ဟာ မကြာခင်လပိုင်းမှာ လက်ထပ်တော့မှာဖြစ်ပြီး သူမအတွက် ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းအပါအဝင် သူငယ်ချင်းတွေက Surprise Bridal Shower ပွဲလေးစီစဉ်ပေးခဲ့ကြကြောင်း ပြောလာပါတယ်။ 

ခေးဆက်သွင်က သူမအတွက် Surprise Bridal Shower ပွဲလေး ဖန်တီးပေးခဲ့ကြတဲ့ မိန်းကလေးသူငယ်ချင်းတွေအကြောင်းကို “Surpriseဖြစ်ခဲ့ရသော Bridal Shower😍😍 ၁၀နှစ်ကျော် သံယောဇဉ်အပြည့်နဲ့ ချစ်ရတဲ့သူငယ်ချင်းမ တွေ တိတ်တိတ်လေး စီစဉ်ပေးကြတဲ့ပွဲလေးမို့ ဘဝအတွက် အမှတ်တရပါပဲ။ အဓိက စီစဉ်သူကြီး ကို့ညီမ Nay Ma Nyoရော သူငယ်ချင်းအားလုံးရော ချစ်တယ်နော်🤍🤍🤍” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အပျော်တွေမျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ခေးဆက်သွင်ကတော့ သူမဘဝရဲ့ တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် မင်္ဂလာပွဲလေးအပြင် Bridal Shower ပွဲလေးကိုလည်း သူငယ်ချင်းတွေကြောင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ သူငယ်ချင်းတွေရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Khay Sett Thwin’s fb

error: Alert: Content is protected !!