မကြာခင်မှာ ကလေးဖေဖေဖြစ်ဖို့ ချစ်ဇနီးလေးဆီမှာ ကိုယ်ဝန်လွယ်ဆောင်ထားရပြီဖြစ်ကြောင်း ပြောပြလာတဲ့ ကျော်ရှိန်း

ချောမောပြေပြစ်တဲ့ရုပ်ရည်နဲ့ မိန်းကလေးပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ တချိန်က မင်းသားချော ကျော်ရှိန်းကို ပရိသတ်ကြီးမှတ်မိကြဦးမယ်ထင်ပါတယ်။ ကျော်ရှိန်းဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့သလို ကြော်ငြာပြက္ခဒိန်တွေမှာလည်း နေရာယူနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျော်ရှိန်းဟာ အနုပညာအလုပ်တွေကိုလည်းမလုပ်ကိုင်တော့ပဲ သာမာန်လူတစ်ယောက်အဖြစ်သာနေထိုင်နေလျက်ရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်သက် (၄) လနီးပါးရှိနေပြီဖြစ်တဲ့ ကျော်ရှိန်းဟာ ဒီကနေ့မှာတော့ သူ့ရဲ့သတင်းကောင်းလေးကို အားလုံးအတွက်ဝေမျှလာခဲ့တာကိုတွေ့ရပါတယ်။ ကျော်ရှိန်းက “ဒီနေ့ကတော့ Lucky 7 နေ့လေးပါ☺️ ဘာနဲ့မှလဲလို့မရတဲ့ အပျော်လေး ခံစားလိုက်ရတယ် 😊 မင်္ဂလာ သတင်းတွေလည်းကြားရတော့ ကံကောင်းခြင်းတွေ ယူလာမယ်ဆိုတာ ခံစားမိနေရတယ် 😍 ကျေးဇူးပါ သဲတုန်းလေးရေ (ဘေဘီလေးကိုရော👶)အများကြီးချစ်တယ် ❣️😘” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ကျော်ရှိန်းကတော့ အိမ်ထောင်ပြုတာနောက်ကျသူမို့ ရင်သွေးယူဖို့ကိုလည်း အချိန်တွေအများကြီးဆွဲမနေတော့ပဲ အိမ်ထောင်သက်လအနည်းငယ်မှာပဲ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ကျော်ရှိန်းကတော့ ဖခင်တစ်ယောက်ဖြစ်ဖို့ အများကြီးရင်ခုန်မျှော်လင့်နေမယ်ဆိုတာ အသေအချာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Shane ‘s fb

error: Alert: Content is protected !!