မကောင်းတာတွေမြင်ရတိုင်း လူတွေမသိစေပဲ ပညာရှိအမျက်အပြင်မထွက်စွာ ကျင့်သုံးတဲ့ သူမရဲ့နည်းလမ်းကို မျှဝေလာတဲ့ မအေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်တွေကိုလည်း အမြဲတမ်းပျော်ရွှင်မှုတွေ မျှဝေပေးလေ့ရှိတဲ့ မအေးသောင်းက ဒီကနေ့မှာလည်း လူတွေရဲ့ ချီးကျူးမှု၊ ကဲ့ရဲ့မှုတွေနဲ့ ပတ်သက်ပြီး သူမရဲ့အကြောင်းလေးကို အရွှန်းဖောက်ပြောလာခဲ့ပါတယ်။

မအေးသောင်းက “လူတွေက ကောင်းတာကို share ပြီး ချီးကျူးဖို့သာခက်ရင်ခက်မယ်။ မကောင်းတာဆို တကူးတက share ပြီး ကဲ့ရဲ့ကြတာ။ ကိုယ်ဆို အဲ့လို share ပြီးမပြောဘူး ။ ပညာရှိအမျက်အပြင်မထွက်ပဲ ချက်ဘောက်ကပို့ပြီးအတင်းတုတ်တာ နဲနဲတော့ လူ့ယဉ်ကျေးဆန်သေးတယ် 🤣🤣🤣🤣” ဆိုပြီး အရွှန်းဖောက်ပြောလာခဲ့တာပဲဖြစ်ပါတယ်။

မအေးသောင်းကတော့ မကြာသေးခင်ရက်ပိုင်းကမှ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အခုဆိုရင် သူမရဲ့ ကြင်စဦး ဇနီးမောင်နှံဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မအေးသောင်းရဲ့ပြောပုံလေးကိုကြည့်ပြီး သဘောကျနေကြမယ်ဆိုတာ အသေအချာပါပဲနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aye Thaung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

မေကာင္းတာေတြျမင္ရတိုင္း လူေတြမသိေစပဲ ပညာရွိအမ်က္အျပင္မထြက္စြာ က်င့္သုံးတဲ့ သူမရဲ႕နည္းလမ္းကို မွ်ေဝလာတဲ့ မေအးေသာင္း

သ႐ုပ္ေဆာင္ ေအးဝတ္ရည္ေသာင္းကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အပူအပင္ကင္းကင္း ဘဝကိုျဖတ္သန္းေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။ ကိုယ္တိုင္လည္း ေပ်ာ္ေပ်ာ္ေနတတ္သလို ပရိသတ္ေတြကိုလည္း အၿမဲတမ္းေပ်ာ္႐ႊင္မႈေတြ မွ်ေဝေပးေလ့ရွိတဲ့ မေအးေသာင္းက ဒီကေန႔မွာလည္း လူေတြရဲ႕ ခ်ီးက်ဴးမႈ၊ ကဲ့ရဲ႕မႈေတြနဲ႔ ပတ္သက္ၿပီး သူမရဲ႕အေၾကာင္းေလးကို အ႐ႊန္းေဖာက္ေျပာလာခဲ့ပါတယ္။

မေအးေသာင္းက “လူေတြက ေကာင္းတာကို share ၿပီး ခ်ီးက်ဴးဖို႔သာခက္ရင္ခက္မယ္။ မေကာင္းတာဆို တကူးတက share ၿပီး ကဲ့ရဲ႕ၾကတာ။ ကိုယ္ဆို အဲ့လို share ၿပီးမေျပာဘူး ။ ပညာရွိအမ်က္အျပင္မထြက္ပဲ ခ်က္ေဘာက္ကပို႔ၿပီးအတင္းတုတ္တာ နဲနဲေတာ့ လူ႔ယဥ္ေက်းဆန္ေသးတယ္ 🤣🤣🤣🤣” ဆိုၿပီး အ႐ႊန္းေဖာက္ေျပာလာခဲ့တာပဲျဖစ္ပါတယ္။

မေအးေသာင္းကေတာ့ မၾကာေသးခင္ရက္ပိုင္းကမွ အိမ္ေထာင္ျပဳခဲ့တာျဖစ္ၿပီး အခုဆိုရင္ သူမရဲ႕ ၾကင္စဦး ဇနီးေမာင္ႏွံဘဝကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မေအးေသာင္းရဲ႕ေျပာပုံေလးကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ဆိုတာ အေသအခ်ာပါပဲေနာ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Aye Thaung’s fb

error: Alert: Content is protected !!