ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအတွက် ရေသန့်ရေကန်ကြီးတစ်ကန်ကို ဆောက်လုပ်လှူဒါန်းခဲ့ကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ ဇနီးမောင်နှံ

နိုင်ငံကျော်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ နှလုံးသားချင်းထပ်တူကျတဲ့အပြင် ဝါသနာလည်းတူညီကြတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။အောင်လကလည်း သူ့ရဲ့ Reason Band နဲ့ အောင်မြင်မှုရရှိနေသူတစ်ယောက်ဖြစ်သလို ဝိုင်းစုခိုင်သိန်းကလည်း အနုပညာလောကရဲ့ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်လနဲ့ ဝိုင်းစုတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်စားစွာ မလွတ်တမ်းစောင့်ကြည့်အားပေးနေကြတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်သလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ ဝိုင်းစုခိုင်သိန်းနဲ့ အောင်လတို့ဟာ ဒီကနေ့မှာလည်း မွန်မြတ်တဲ့ ကုသိုလ်လေးတစ်ခုကို ပြုလုပ်ခဲ့တဲ့အကြောင်းကို မျှဝေပေးလာပါတယ်။ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့က ရွှေနဂါးဆရာတော်ဆီ ရေသန့်ရေကန်အလှူလုပ်ခဲ့ပြီး ဝိုင်းစုခိုင်သိန်းကလည်း “ရေသန့်ရေကန် အလှူကုသိုလ်ကို ဝိုင်းစုတို့နဲ့ထပ်တူ နှစ်ဘက်မိဘဆွေမျိုးများ ၊ ဆွေမျိုး မိတ်သင်္ဂဟများ ၊ ချစ်ခင်အားပေးကြတဲ့ ချစ်ပရိတ်သတ်အပေါင်းနဲ့ ၇ရက်သားသမီးအပေါင်း ရရှိကြ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲဖြစ်ပါတယ်။

အောင်လနဲ့ ဝိုင်စုခိုင်သိန်းတို့ကတော့ လတ်တလောမှာ သီချင်းသစ်ထွက်ဖို့မရှိသေးပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခြင်းမရှိအောင် ကြိုးစားနေလျက်ရှိပါတယ်။ အောင်လနဲ့ ဝိုင်းစုတို့ဇနီးမောင်နှံလည်း ဒီထက်မကအောင်မြင်ပြီး အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wine Su ‘s fb

error: Alert: Content is protected !!