ဘိုးဘိုးကြီးလွင်မိုးနဲ့ မေမေယွန်းဝတီလွင်မိုးရဲ့ ချောမောမှုတွေကို အလုံးစုံအမွေရရှိထားတဲ့ လွင်ထက်လေးရဲ့ ပုံရိပ်

နိုင်ငံကျော်အကယ်ဒမီမင်းသားကြီး လွင်မိုးကတော့ သူ့ရဲ့အနုပညာအမွေတွေကို သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးဆီ လက်ဆင့်ကမ်းထားနိုင်သူတစ်ယောက်ပါ။ ယွန်းဝတီလွင်မိုးကလည်း ကလေးဘဝကတည်းက ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးအချို့မှာလည်း ပါဝင်သရုပ်ဆောင်ဖူးတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ယွန်းဝတီလွင်မိုးဟာ သြစတေးလျမှာကျောင်းတက်နေလျက်ရှိပြီး အနုပညာအလုပ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်ကတော့ သူ့ရဲ့အဘိုးတွေအဘွားတွေနဲ့ မြန်မာပြည်မှာရှိနေတာပဲဖြစ်ပါတယ်။ လွင်ထက်လေးကတော့ မိဘတွေနဲ့ခွဲခွာနေရပေမယ့် မိဘသဖွယ်စောင့်ရှောက်တဲ့ အဘိုးအဘွားတွေကြောင့် ချစ်စရာကောင်းစွာကြီးပြင်းလာခဲ့ပြီး တစ်နေ့တစ်ခြား သူ့ရဲ့ဘိုးဘိုးလွင်မိုးနဲ့ရော မေမေယွန်းဝတီလွင်မိုးနဲ့ပါ တူလာခဲ့တာကို တွေ့ရပါတယ်။

လွင်ထက်လေးကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ပီပီ သီချင်းဆိုတာကိုကြိုက်တတ်သူလေးတစ်ယောက်ဖြစ်ပါတယ်။ လွင်ထက်လေးလည်း ကြီးလာရင် ဘိုးဘိုးလွင်မိုးနဲ့ မေမေ ယွန်းဝတီလွင်မိုးတို့လို အနုပညာရှင်ကြီးဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yun Wady Lwin Moe’s fb

error: Alert: Content is protected !!