ဘဝရဲ့အရေးပါတဲ့ရက်တစ်ရက်မှာ ချစ်ရတဲ့ခင်ပွန်းသည်မရှိတော့တာကြောင့် ကြေကွဲဝမ်းနည်းနေရတဲ့ နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမအပေါ် အရမ်းချစ်ပြီး အနွံတာခံသလို သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အိမ်ထောင်သက် (၄) နှစ်အကြာမှာ သေကွဲကွဲခဲ့ရတာဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ ခင်ပွန်းဖြစ်သူကို သတိရတဲ့စိတ်နဲ့ရှင်သန်ရင်း တစ်ဖက်မှာလည်း သားနဲ့သမီးအတွက် အကောင်းဆုံးကြိုးစားရပ်တည်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့ ဇွန်လ (၂) ရက်နေ့ကတော့ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းက သူမရဲ့မွေးနေ့မှာ နှစ်စဉ်နှစ်တိုင်းပျော်ရွှင်ရအောင် ဖန်တီးပေးလေ့ရှိတဲ့ ခင်ပွန်းသည်ကို သတိရရင်း “မနှစ်ကယောက်ျားဖုန်းထဲကဗီဒီယိုလေး💓 ခုတော့လွမ်းစရာတွေပဲရှိတော့တာပဲ” ဆိုပြီး ပြီးခဲ့တဲ့နှစ်က သူမရဲ့မွေးနေ့မှာ Surprise လုပ်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကိုယ်တိုင်ရိုက်ထားတဲ့ ဗီဒီယိုလေးကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့မွေးနေ့မှာ အမှတ်တရတွေဖြစ်အောင် ဖန်တီးပေးတတ်တဲ့ ခင်ပွန်းသည် ကိုတာတာမျိုးဟာ ပြီးခဲ့တဲ့မွေးနေ့မှာတော့ ရှိသေးပေမယ့် ဒီနှစ်မှာတော့ မရှိတော့တာမို့ ပိုပြီးစိတ်ထိခိုက်ကြေကွဲနေရရှာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့မွေးနေ့ရှင်လေး နန်းမြတ်ဖြိုးသင်း ပျော်ရွှင်ရအောင် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Nann Myat Phyo Thinn’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ဘဝရဲ႕အေရးပါတဲ့ရက္တစ္ရက္မွာ ခ်စ္ရတဲ့ခင္ပြန္းသည္မရွိေတာ့တာေၾကာင့္ ေၾကကြဲဝမ္းနည္းေနရတဲ့ နန္းျမတ္ၿဖိဳးသင္း
သ႐ုပ္ေဆာင္ အဆိုေတာ္ နန္းျမတ္ၿဖိဳးသင္းကေတာ့ သူမအေပၚ အရမ္းခ်စ္ၿပီး အႏြံတာခံသလို သားသမီးေတြအေပၚမွာလည္း တာဝန္ေက်တဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ အိမ္ေထာင္သက္ (၄) ႏွစ္အၾကာမွာ ေသကြဲကြဲခဲ့ရတာျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းဟာ ခင္ပြန္းျဖစ္သူကို သတိရတဲ့စိတ္နဲ႔ရွင္သန္ရင္း တစ္ဖက္မွာလည္း သားနဲ႔သမီးအတြက္ အေကာင္းဆုံးႀကိဳးစားရပ္တည္ေနတာပဲျဖစ္ပါတယ္။
ဒီကေန႔ ဇြန္လ (၂) ရက္ေန႔ကေတာ့ နန္းျမတ္ၿဖိဳးသင္းရဲ႕ ေမြးေန႔ေလးပဲျဖစ္ပါတယ္။ နန္းျမတ္ၿဖိဳးသင္းက သူမရဲ႕ေမြးေန႔မွာ ႏွစ္စဥ္ႏွစ္တိုင္းေပ်ာ္႐ႊင္ရေအာင္ ဖန္တီးေပးေလ့ရွိတဲ့ ခင္ပြန္းသည္ကို သတိရရင္း “မႏွစ္ကေယာက္်ားဖုန္းထဲကဗီဒီယိုေလး💓 ခုေတာ့လြမ္းစရာေတြပဲရွိေတာ့တာပဲ” ဆိုၿပီး ၿပီးခဲ့တဲ့ႏွစ္က သူမရဲ႕ေမြးေန႔မွာ Surprise လုပ္ေပးခဲ့တဲ့ ခင္ပြန္းျဖစ္သူကိုယ္တိုင္႐ိုက္ထားတဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလာတာပဲျဖစ္ပါတယ္။
နန္းျမတ္ၿဖိဳးသင္းကေတာ့ သူမရဲ႕ေမြးေန႔မွာ အမွတ္တရေတြျဖစ္ေအာင္ ဖန္တီးေပးတတ္တဲ့ ခင္ပြန္းသည္ ကိုတာတာမ်ိဳးဟာ ၿပီးခဲ့တဲ့ေမြးေန႔မွာေတာ့ ရွိေသးေပမယ့္ ဒီႏွစ္မွာေတာ့ မရွိေတာ့တာမို႔ ပိုၿပီးစိတ္ထိခိုက္ေၾကကြဲေနရရွာတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း ဒီကေန႔ရဲ႕ေမြးေန႔ရွင္ေလး နန္းျမတ္ၿဖိဳးသင္း ေပ်ာ္႐ႊင္ရေအာင္ ေမြးေန႔ဆုေတာင္းစကားေလးေတြေျပာေပးခဲ့ၾကပါဦးေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Nann Myat Phyo Thinn’s fb