ဘဝရဲ့အမှတ်အရဆုံးဖြစ်မယ့် တက်တူးကို ချစ်သူလေးကိုယ်တိုင်ထိုးပေးတာခံခဲ့တဲ့ နေရဲ
နိုင်ငံကျော်သရုပ်ဆောင်ကြီး ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ နေရဲက အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို မကြာခင်မှာလည်း ချစ်သူလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေရဲရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့တကွ သူ့ရဲ့ အချစ်ရေးအကြောင်းကို စိတ်ဝင်တစားရှိကြတာပဲဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ နေရဲဟာ သူ့ဘဝရဲ့ အမြဲတမ်းအမှတ်ရနေစေမယ့် အဆိုတော်ရေမွန်ရဲ့ Idiots Band အဖွဲ့ အမှတ်တံဆိပ်ပုံလေးကို တက်တူးထိုးခဲ့တာကိုတွေ့ရပါတယ်။ ပိုပြီးထူးခြားတာက ထိုတက်တူးကို နေရဲရဲ့ချစ်သူကောင်မလေးကိုယ်တိုင်က ထိုးပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် နေရဲတို့ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေရဲတို့ချစ်သူနှစ်ယောက်ကတော့ စိတ်တူကိုယ်တူရှိပြီး တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုအပြည့်ရှိတာကြောင့် (၁၃) နှစ်ဆိုတဲ့အချိန်ကို ကျော်ဖြတ်ခဲ့ပြီး ဘဝလက်တွဲဖော်တွေအဖြစ်လည်း ရွေးချယ်ထားတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Chaw’s fb