သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမရင်းဖြစ်သလို အဆိုတော်တိုးခိုင်ရဲ့ သမီးကြီးဖြစ်သူ မေတိုးခိုင်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်နေပြီပဲဖြစ်ပါတယ်။ မေတိုးခိုင်ဟာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့ မေလ (၇) ရက်နေ့ကတော့ မေတိုးခိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မေတိုးခိုင်က သူမရဲ့မွေးနေ့ဖြစ်တဲ့ လက်ရှိအချိန်အခါလေးကို တန်ဖိုးထားကြောင်း “ဘဝမှာဘယ်တော့မှမမေ့တော့မယ့် မွေးနေ့တစ်ခုကိုလည်းဖြတ်ကျော်ခဲ့ပြီးပြီ။ အခုအနားမှာ ချစ်ရတဲ့သူတွေနဲ့ ဆင်နွှဲခွင့်ရတာကို ကျေးဇူးတင်ပါတယ်။ ဒါဟာဘဝရဲ့အခွင့်ထူးတစ်ခုပါပဲ။ အသက် တစ်နှစ်ပိုကြီးလာတာနဲ့အမျှ တစ်နှစ်ပိုတောက်ပလာမယ်” ဆိုပြီး ပြောလာပါတယ်။

မေတိုးခိုင်ကတော့ အသက်ငယ်ငယ်လေးနဲ့ အခက်ခဲဆုံးအချိန်တစ်ခုကို ကျော်ဖြတ်ခဲ့ရပြီး သူမအနေနဲ့ ရရှိခဲ့တဲ့အချိန်တွေကတဆင့် ချစ်ရသူတွေနဲ့ အတူတူရှိနေခွင့်ရတဲ့ လက်ရှိအချိန်လေးကို တန်ဖိုးထားကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး မေတိုးခိုင်ကို အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: May Toe Khine – မေတိုးခိုင် ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဘဝမှာဘယ်တော့မှ မမေ့မယ့် မွေးနေ့ကိုကျော်ဖြတ်ခဲ့ပြီးပြီမို့ လက်ရှိအချိန်လေးကို တန်ဖိုးထားတယ်ဆိုတဲ့ မေတိုးခိုင်





Yolo

error: Alert: Content is protected !!