ဘယ်သူ့ဆီကမှ ကြီးကြီးမားမား အကူအညီမယူဖူးတာတောင် ရန်တိုက်ပေးတဲ့လူမျိုးနဲ့ကြုံရကြောင်း ပြောပြလာတဲ့ မေပန်းချီ
သရုပ်ဆောင်၊ မော်ဒယ်လ် မေပန်းချီကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးရင်း အနုပညာလောကမှာ အောင်မြင်လာခဲ့သူတစ်ယောက်ပါ။ လူသိများတဲ့ အနုပညာရှင်တစ်ယောက်ပီပီ လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ မေပန်းချီဟာ သူမနောက်ကျောကို -ားနဲ့ထိုးသူတွေနဲ့ချည်း ကြုံရလေ့ရှိသူဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေပန်းချီက သူမကိုပြဿနာဖြစ်ရအောင် ရန်တိုက်ပေးသူတစ်ယောက်အကြောင်းကို အခုလိုပဲပြောလာပါတယ်။
“သြော် လူတွေ လူတွေ ဘယ်သူ့ဆီကမှ ကြီးကြီးမားမား အကူအညီမယူထားဖူးပါဘူး။ နောက်တစ်ခု CB မှာ တစ်ယောက်နဲ့တစ်ယောက် ပြောထားတဲ့ စကားတွေဆိုလည်း ဖျက်လေ့ရှိတယ်။ ပြဿနာဖြစ်ရင် ထုတ်သုံးဖို့မှမဟုတ်တာ။ ငါးပါးမှောက် ကြုံလိုက်ရင် နောက်ကျောထိုးတဲ့ -ားတွေချည်းပဲ။ Edit ဘယ်သူနဲ့ရန်တိုက်ပေးပေး မကြောက်ပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ရင်ဖွင့်လာတာဖြစ်ပါတယ်။
မေပန်းချီကတော့ စိတ်ရင်းကောင်းပြီး စကားပြောပွင့်လင်းသူတစ်ယောက်ပီပီ သူများက သူမကိုအသုံးချတာတွေနဲ့ချည်း ကြုံရတာပဲဖြစ်ပါတယ်။ စိတ်ရင်းကောင်းတဲ့ မေပန်းချီ အမြန်ဆုံး အဆင်ပြေမှုတွေနဲ့သာ ကြုံရပါစေနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: May Panche ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: May Panche ‘s fb